အမေရိကန်က ခရစ္စယာန်စာသင်ကျောင်းတစ်ကျောင်းမှာပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံး


(နိုင်ငံတကာ) ဒီဇင်ဘာ ၁၇

အမေရိကန်နိုင်ငံ Wisconsin ပြည်နယ်ရှိ ပုဂ္ဂလိက ခရစ်ယာန်ကျောင်းတစ်ကျောင်းတွင် ကျောင်းသားတစ်ဦး ပစ်ခတ်မှုကြောင့် လူခြောက်ဦး ဒဏ်ရာရရှိခဲ့ပြီး ဆရာတစ်ဦးနှင့် ဆယ်ကျော်သက် ကျောင်းသားတစ်ဦး သေဆုံးခဲ့ကြောင်းသိရသည်။

တိုက်ခိုက်သည့် ကျောင်းသားမှာ အသက် ၁၅ နှစ်အရွယ်ကျောင်းသားတစ်ဦးဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုတွင် ကျောင်းသူ ၆ ဦး ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရသည့်အနေအထားဖြစ်ကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူကဆိုသည်။

သံသယရှိသူကျောင်းသားသည် သေနတ်ကို မည်သို့ရရှိသည်ကို စုံးစမ်းနေဆဲဖြစ်ပြီး သေနတ်သမားကျောင်းသားသည် ပစ်ခတ်မှုမတိုင်မှီကျောင်းတက်နေဆဲဟု ရဲတပ်ဖွဲ့အကြီးအကဲကဆိုသည်။

ဒေသတွင်းသတင်းများက သေနတ်သမားသေဆုံးကြောင်း ထုတ်ဖော်ရေးသားနေသော်လည်း ရဲတပ်ဖွဲ့တာဝန်ရှိသူများက သေဆုံးသူများ၏ အမည်နှင့်အချက်အလက်များအား ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN