အနောက်နိုင်ငံများ သံတမန်တွေ့ဆုံမှု ပြုလုပ်သည့် ဗာနူအာတူနိုင်ငံ ပို့ဗီလာမြို့တွင် ပြင်းထန်သည့် ငလျင်လှုပ်ခတ်ခဲ့


(နိုင်ငံတကာ) ဒီဇင်ဘာ ၁၇

အမေရိကန်နိုင်ငံနှင့် အနောက်နိုင်ငံများ သံတမန်လုပ်ငန်းများ လက်ခံကျင်းပသည့် ဗာနူအာတူနိုင်ငံ ပို့ဗီလာမြို့တွင် ပြင်းထန်သည့် ငလျင်လှုပ်ခတ်ခဲ့ကြောင်းသိရသည်။

၇.၃ ပြင်းအားရှိ ငလျင်သည် အမေရိကန် သံရုံးအပါအဝင် အဆောက်အဦးများစွာကို ပျက်စီးစေခဲ့ကြောင်းသိရသည်။

ငလျင်အနက် ၃၅ မိုင်ဝန်းကျင်တွင် လှဒပ်ခတ်ခဲ့ပြီးအမေရိကန် ဘူမိဗေဒတိုင်းတာရေးအဖွဲ့ (USGC) က အဆိုပါငလျင်မှာ ပြင်းအား ၇.၃ အထိရှိကြောင်း ထုတ်ပြန်ထဲ့သည်။

လှုပ်ခတ်မှုကြောင့် အဆောက်အဦးများစွား ပျက်စီးခဲ့သော်လည်း ဒေသတွင်း သတင်းဖော်ပြချက်များအရ လူတစ်ဦးသာ သေဆုံးခဲ့ကြောင်းသိရသည်။

အမေရိကန် သံရုံး၏ ပြောရေးဆိုခွင့်ရှိသူက သံရုံးမှာ ဆိုးဆိုးဝါးဝါးပျက်စီးခဲ့ပြီး နောက်ထပ် အသိပေးချက်တစ်စုံတရာ မထုတ်ပြန်မှီအထိ ပိတ်ထားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ဗာနူအာတူနိုင်ငံသည် ကျွန်းပေါင်း ၈၀ ကျော်နှင့် ဖွဲ့စည်းထားပြီး လူဦးရေ ၃ သိန်းကျော်သာရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။

ငလျင်လှုပ်ခတ်စဉ် ဆူနာမီသတိပေးချက်များ ထုတ်ပြန်ခဲ့သော်လည်း ထူးခြားမှုမရှိသောကြောင့် ပြန်လည်ပယ်ဖျက်ခဲ့ကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN