(မှုခင်း) ဒီဇင်ဘာ ၁၇
ယနေ့ ညနေ ၃ နာရီ ၂၀ မိနစ်အချိန်ခန့်က မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးကျေးရွာအုပ်စု၊ အလူးလေးကျေးရွာရှိ (အ.ထ.က)ကျောင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကို ဘီးလင်မြို့နယ်မီးသတ်ဦးစီးဌာ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးရွာသူကျေးရွာသားများမှဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍စိစစ်ခဲ့ရာ နယ်မြေလုံခြုံရေးအခြေအနေအရ စိတ်ချရခြင်းမရှိ၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှစ၍ ယနေ့အချိန်ထိ ပိတ်သိမ်းထားရှိသည့် စာသင်ကျောင်းဖြစ်ပြီး ကျောင်းစောင့်တာဝန်ကို အလူးလေးအရှေ့ရွာသား တစ်ဦးကို တာဝန်ပေးအပ်ထားခဲ့ရာ အဆိုပါကျောင်းစောင့်မှ နံနက် ၁၀ နာရီအချိန်ခန့်တွင် ကျောင်းဆောင်ပတ်ဝန်းကျင်ရှိ အမှိုက်များအားမီးရှို့၍ နေအိမ်သို့ ပြန်လာခဲ့ရာ အဆိုပါ မီးကြွင်းမီးကျန်မှ တဆင့် စာသင်ကျောင်းသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
Telegram»…
https://t.me/positiveanglenews