နျူကလီးယား ဇီဝနှင့် ဓာတုကာကွယ်ရေးတပ်ဖွဲ့၏ အကြီးအကဲ  ဒုတိယဗိုလ်ချုပ်ကြီး ပေါက်ကွဲမှုကြောင့် သေဆုံး

(နိုင်ငံတကာ) ဒီဇင်ဘာ ၁၆

မော်စကိုမြို့တွင် လျှပ်စစ်စကူတာထဲဝှက်ထားသော ဗုံးတစ်လုံးပေါက်ကွဲခဲ့သဖြင့် ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးနှင့်လက်ထောက်တစ်ဦး သေဆုံးခဲ့သည်ဟု ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီ၏ ပြောကြားချက်အရသိရသည်။

ဒီဇင်ဘာလ(၁၅)ရက်‌နေ့ တနင်္လာနေ့ နံနက်ပိုင်းအချိန်ခန့်က ကရင်မလင်နန်းတော်မှ ကီလိုမီတာ အနည်းငယ်ကွာဝေးသော တိုက်ခန်းတစ်ခုရဲ့ အပြင်ဘက်၌ ဗုံးတစ်လုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယင်းပေါက်ကွဲမှုကြောင့် ရုရှားနိုင်ငံ၏ နျူကလီးယား ဇီဝနှင့် ဓာတုကာကွယ်ရေးတပ်ဖွဲ့၏ အကြီးအကဲဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး Igor Kirilov အပါအဝင် လက်ထောက်တစ်ဦးသေဆုံးခဲ့သည်သိရသည်။

ဒုတိယဗိုလ်ချုပ်ကြီး Igor Kirilov သည် တားမြစ်ဓာတုလက်နက်အသုံးပြုမှုဖြင့် ဒီဇင်ဘာလ (၁၄)ရက်နေ့က ယူကရိန်းမှတရားစွဲဆိုထားသူလည်းဖြစ်သည်။

အဆိုပါဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတစ်ရပ်ပြုလုပ်သွားမည်ဖြစ်ကြောင်း မော်စကိုအာဏာပိုင်များက ထုတ်ပြန်ထားသည်။

Ref: RT

#PAN