စားအုန်းဆီ ရည်ညွှန်းဈေး တစ်ပိဿာ ၇,၂၅၀ ကျပ်သတ်မှတ်

(ပြည်တွင်း) ဒီဇင်ဘာ ၁၇

စားသုံးသူစျေးကွက်အတွင်း ရောင်းချရန် စားအုန်းဆီရည်ညွှန်းဈေးတစ်ပိဿာ ၇,၂၅၀ ကျပ်ဖြင့် ရောင်းရန် သတ်မှတ်ထားပြီး ပြင်ပစျေးကွက်တွင် စျေးဆက်လက် မြင့်တက်နေကြောင်း စျေးကွက်အတွင်းမှ သိရှိရပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်မှာ စားအုန်းဆီတစ်ပိဿာ ရည်ညွှန်း‌ဈေး ၇,၂၅၅ ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာ ၇,၂၅၀ ကျပ်သို့ ကျဆင်းလာခြင်းဖြစ်ရာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်မှ ဒီဇင်ဘာလ ၂၂ ရက်အထိ စားအုန်းဆီ တစ်ပိဿာ အခြေခံလက်ကားရည်ညွှန်းဈေး ၇,၂၅၀ ကျပ်ဖြင့်ရောင်းချရန် သတ်မှတ်ထားပြီး ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရပါတယ်။

လက်ရှိတွင် စားအုန်းဆီကို သမဝါယမစနစ်ဖြင့် အိမ်ထောင်စုတစ်ခုအတွက် ဆီဝယ်ယူခွင့် စာအုပ်တစ်အုပ် လျှင် ဆီ ၅၀ ကျပ်သားမှ တစ်ပိဿာအထိ ရောင်းချပေးလျက် ရှိပါတယ်။

#PAN