(ပြည်တွင်း) ဒီဇင်ဘာ ၁၆
တပ်မတော် (လေ) မှ အရာရှိ၊ စစ်သည်များသည် ကင်းထောက်လေယာဉ်များအား ကိုယ်တိုင် စမ်းသပ်တီထွင်ထုတ်လုပ်နေပြီဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းက မိတ္ထီလာတပ်နယ်ရှိ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်၌ ကျင်းပပြုလုပ်သော လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်အခမ်းအနားမှာ တပ်မတော်(လေ)ထုတ် MTX-1A နှင့် MTX-1B လေယာဉ်များ ပါဝင်ပျံသန်းခဲ့ကြကြောင်းသိရသည်။
အဆိုလေယာဉ်များကို Reverse Engineering နည်းလမ်းဖြင့် လေယာဉ်ထုတ်လုပ်မှုနည်းပညာနှင့် အတွေ့အကြုံများရရှိရန်ရည်ရွယ်၍ စမ်းသပ်ထုတ်လုပ်တပ်ဆင်ခဲ့ခြင်းဖြစ်ပြီး MTX-1A လေယာဉ်အား Cockpit Flight Display System ၊ Communication & Navigation Systemတိုကို Design ထုတ်လုပ်၍ System Integration ပြုလုပ်တပ်ဆင်ကာ ၂၀၂၁ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့သည်။ MTX-1A လေယာဉ်ထုတ်လုပ်မှုအတွေ့အကြုံများကို အခြေခံ၍ ပိုမိုခေတ်မီအဆင့်မြင့်သည့် MTX-1B လေယာဉ်အား တပ်မတော် (လေ) မှ အရာရှိ၊ စစ်သည်များက အဆင့်မြင့် Cockpit Display များ၊ ဆက်သွယ်ရေးစနစ်များနှင့် ကိုယ်ထည်ပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုများ ပြုလုပ်ကာ ထပ်မံဆန်းသစ်တီထွင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လေယာဉ်ထုတ်လုပ်မှုရည်ရွယ်ချက်များအတိုင်း လေယာဉ်ကိုယ်ထည်ပိုင်း၊ လျှပ်စစ်နှင့် အင်ဂျင်အပိုင်း၊ လေကြောင်းလမ်းပြစနစ်၊ ဆက်သွယ်မှုစနစ်များနှင့် မောင်းနှင်ထိန်းသိမ်းမှုပြသသည့်စနစ်များအား ဒီဇိုင်းရေးဆွဲထုတ်လုပ်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
လေယာဉ်ထုတ်လုပ်မှုအဆင့်တိုင်းတွင် အရည်အသွေးစစ်ဆေးခြင်းနှင့် Functional and Operational Test လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး Turboprop အင်ဂျင်နှင့် Glass Cockpit System တို တပ်ဆင်ထားသည့် MTX-1B လေယာဉ်အား ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ MTX-1B လေယာဉ်အား ၂၀၂၄ ခုနှစ် မတ်လတွင် စမ်းသပ်ပျံသန်းခြင်းများကို အောင်မြင်စွာ ပြီးစီးခဲ့ကြောင်းသိရသည်။
PAN