(ပြည်တွင်း) ဒီဇင်ဘာ ၁၃
မန္တလေးမြို့ရှိ တောင်သမန်တံတားနှင့် အင်းသို့ ဒီဇင်ဘာလ ဒုတိယပတ်မှစတင်ပြီး ပြည်တွင်း၊ ပြည်ပ ခရီးသွားများ လာရောက်လည်ပတ်မှု များပြားလာကြောင်း တောင်သမန်တံတားပြုပြင်ထိန်းသိမ်းရေးအဖွဲ့မှ သိရပါတယ်။
မန္တလေးမြို့၌ အရှေ့တောင်အာရှနိုင်ငံများအပြင် ဥရောပနိုင်ငံများမှ ခရီးသွားများ စိတ်ဝင်တစားလည်ပတ်စရာ နေရာ အများအပြားရှိသည့်အနက် တောင်သမန်တံတားနှင့်အင်းကိုလည်း ပြည်တွင်း၊ ပြည်ပခရီးသွားများ စိတ်ဝင်တစား လာရောက်လည်ပတ်မှုများပြားသည့် နေရာတစ်ခုဖြစ်ပါတယ်။
တောင်သမန်တံတားနှင့်အင်းသို့ လက်ရှိ ဆောင်းရာသီ ကာလဖြစ်တဲ့ ဒီဇင်ဘာလဒုတိယပတ်မှစပြီး ပြည်တွင်း၊ ပြည်ပခရီးသွားများ လာရောက်လည်ပတ်မှု များပြားလျက် ရှိပါတယ်။
အဆိုပါ တောင်သမန်တံတားနှင့်အင်းသို့ ဒီဇင်ဘာလပထမပတ်က တစ်ရက်လျှင် ပြည်တွင်း၊ ပြည်ပ ခရီးသွား ဦးရေ ၇၀၀ ကျော်သာဝင်ရောက်ခဲ့သော်လည်း ဒီဇင်ဘာလဒုတိယပတ်စပြီး တစ်ရက်လျှင် လာရောက်လည်ပတ်သည့် ပြည်တွင်း၊ ပြည်ပ ခရီးသွားဦးရေ ၁,၆၀၀ ကျော်ထိ လာရောက်လည်ပတ်လျက်ရှိကြောင်း သိရပါတယ်။
#PAN