(စီးပွားရေး) ဒီဇင်ဘာ ၁၃
ပဲခူးတိုင်းဒေသကြီးမှထွက်ရှိတဲ့ ဒေသထုတ်ကုန်များရောင်းချမယ့် တတိယမြောက်အရောင်းစင်တာကို တောင်ငူမြို့မှာ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနကနေ သိရပါတယ်။
အဆိုပါအရောင်းစင်တာကို တောင်ငူမြို့၊ အမှတ် (၁၄) ရပ်ကွက်၊ နံပါတ် (၁) လမ်းရှိ စည်ပင်သာယာရေး အဖွဲ့ပိုင် အဆောက်အဦမှာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး အရောင်းစင်တာဖွင့်လှစ်နိုင်ရန်အတွက် အဆောက်အဦ ပြင်ဆင် မွမ်းမံခြင်းကို တောင်ငူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ဆောင်ရွက်သွားမှာဖြစ်သလို အရောင်းစင်တာအတွင်း ပစ္စည်းတင်စင်များပြင်ဆင်ခြင်း၊ ရောင်းချမည့်ပစ္စည်းများစုဆောင်းခြင်းကို တောင်ငူခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိပါတယ်။
ပဲခူးတိုင်းဒေသကြီး ဒေသထုတ်ကုန်အရောင်းစင်တာများကို ပဲခူးမြို့နှင့်ပြည်မြို့တို့မှာ ဖွင့်လှစ်ခဲ့ပြီး ယခုအခါ တောင်ငူမြို့မှာ ဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျက်ရှိရာ အဆောက်အဦပြင်ဆင်ခြင်းလုပ်ငန်းပြီးစီးတော့မှာ ဖြစ်တာကြောင့် မကြာမီကာလအတွင်း ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း သိရပါတယ်။
#PAN