(နိုင်ငံတကာ) ဒီဇင်ဘာ ၁၃
ရွေးကောက်ခံအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က သတင်းတင်ဆက်သူဟောင်းနှင့် သဘောထား တင်းမာသူဖြစ်တဲ့ ရီပတ်ဗလီကန်ပါတီဝင် ကာရီလိတ် ကို အမေရိကန်အစိုးရရန်ပုံငွေနှင့် လည်ပတ်နေတဲ့ ဗွီအိုအေ (အမေရိကန်အသံ) ရဲ့ ညွှန်ကြားရေးမှူးအဖြစ် ရွေးချယ်ထားကြောင်း သိရသည်။
သူမ သည် ပြီးခဲ့တဲ့လက ဆီးနိတ် အမတ်ရွေးကောက်ပွဲမှာ အရီဇိုနားကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့သူဖြစ်သည်။
ထရမ့် က ကာရီလိတ် သည် သတင်းတုများကိုထုတ်လွှင့်သည့် အလိမ်အညာမီဒီယာများနှင့် မတူညီသော သတင်းများဖြစ်တဲ့ အမေရိကန်နိုင်ငံ၏ လွတ်လပ်မှုနှင့် တန်ဖိုးထားမှုများအား ကောင်းမွန်စွာထုတ်လွှင့်ပေးနိုင်လိမ့် မည်ဟု သူ၏ Truth ဆိုရှယ်ဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့သည်။
ကာရီလိတ် သည် ထရမ့်ကို အခိုင်အမာထောက်ခံသူဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ မသမာမှုတွေ လုပ်တယ်လို့ ထရမ့်ပြောခဲ့စဉ်ကလည်း ထရမ့် ပြောဆိုသည့်အတိုင်း သံယောင်လိုက်ပြောဆိုခဲ့သူဖြစ်သည်။
သူမ သည် ဖီးနစ်အခြေစိုက် Fox 10 ရုပ်သံဌာန၌ သတင်းတင်ဆက်သူအဖြစ် လုပ်ဆောင်ခဲ့ဖူးသူဖြစ်သည်။ VOA သည် ဘာသာစကားပေါင်း ၄၈ မျိုးဖြင့် အွန်လိုင်း၊ ရေဒီယိုနှင့် ရုပ်သံတို့ကို ထုတ်လွှင့်နေသည်။
ထိုစဉ်က VOA သည် တရုတ်နိုင်ငံ၏ ဝါဒဖြန့်ချိရေးများလုပ်နေသည်ဟု ထရမ့်က စွပ်စွဲခဲ့သည်။
#PAN