အလုံမြို့နယ်တွင် လမ်းဖြတ်ကူးသူအမျိုးသမီးငယ်တစ်ဦး ကားတိုက်ခံရ


(မှုခင်း) ဒီဇင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊သစ်​တောရပ်ကွက်၊ကမ်းနားလမ်း၊ဧရာဝတီဘဏ်​ရှေ့တွင် ယမန်နေ့ည၁၀နာရီအချိန်ခန့်က လမ်းဖြတ်ကူးသူအမျိုးသမီးငယ်တစ်ဦး ကားတိုက်ခံရကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယာဥ်​မောင်းသိန်းထိုက်​အောင်​မောင်းလာ​သောHonda Fit Shuttelကားအမှတ်YGN 16 9L/9505 သည်လမ်းဖြတ်ကူးလာ​သော ဦး​လေးကြီးထမင်း ဆိုင် (အလုံ)မှ ဝန်ထမ်းအမျိုးသမီး မပြည့်ပြည့် (၁၈နှစ်)ကို တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဥ်တိုက်ခံရသည့် အမျိုးသမီးအား ကြက်​ခြေနီ​မော်​တော်ယာဥ်ဖြင့် ရန်ကုန်​ဆေးရုံကြီးသို့ ပို့​​ဆောင်စဥ် လမ်း၌​ သေဆုံးသွား​ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN