(မှုခင်းး) ဒီဇင်ဘာ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ တော်ဝင်ဆိပ်ခံတံတားရှေ့ ရေလယ်တွင် ယနေ့နံနက် ၅ နာရီ ၅၀ မိနစ်အချိန်ခန့်က ယုဇနကုမ္ပဏီမှ MV ပြည့်ရတနာဝင်း ကုန်သင်္ဘောသည် ဆပ်ပြာမှုန့် ကုန်ကြမ်းမှ စတင်ကာ မီးလောင်းကျွမ်းခဲ့ကြောင်းသိရသည်။
မီးလောင်မှုဖြစ်စဥ်တွင် ယုဇနကုမ္ပဏီမှ MV ပြည့်ရတနာဝင်း ကုန်သင်္ဘော ရေယာဥ်မှူးဦး အပါဝင် လှေသား ၂၂ ဦးသည် ၁၁.၁၁.၂၄ ရက်နေ့တွင် ရန်ကုန်မြို့မှ ကော့သောင်းမြို့သို့ ရောက်ရှိလာခဲ့ပြီး ကုန်ပစ္စည်းများ ပြန်လည်တင်ဆောင်၍ ရေလယ်တွင် ရပ်နားထားခြင်း ဖြစ်ကြောင်း၊ အဆိုပါ ရေယာဉ်ပေါ်တွင် PVC Resign Powder ကော်စေ့၊ အလှကုန်ပစ္စည်းဆီအုန်းဖက်၊ သံတိုင်ကီပေပါခွံ၊ Sodium Hidronate ဆပ်ပြာမှုန့်ကုန်ကြမ်း ၊နို့မှုန့်၊ ပလပ်စတစ်လိပ်၊ ကြွေပြားဆေးရည်၊ ရေခဲ့သေတ္တာ၊ ပုံးပြာဆိုက်စုံ၊ ပုလင်းခွံ၊ စက္ကူလိပ်၊ စုစုပေါင်း ခန့်မှန် မတ်ထရစ်တန် ၇၀၀ ခန့် တင်ဆောင်ထားပြီး ရေလယ်တွင်ကျောက်ချရပ်နားထားစဉ် မီးလောင်းကျွမ်းခဲ့ကြောင်း သိရသည်။
မီးလောင်ရာသို့ ခရိုင်မီးသတ်တပ်ဖွဲ့နှင့် ရေကြောင်းရဲတပ်ဖွဲ့ ရေယာဉ် ၁၆၃ တို့မှ မီငြိမ်းသတ်ပေးလျက်ရှိပြီး မီးသတ်ရန်ခက်ခဲသဖြင့် နံနက် ၈ နာရီ အချိန်တွင် ရေယာဥ်ပေါ်ရှိ ရေယာဥ်မှူး နှင့် လှေသားများအား စက်လှေဖြင့် တော်ဝင်တံတား သို့ ပို့ဆောင်ခဲ့ပြီး ရေယာဥ်နစ်မြုပ်ရန်အတွက် ရေယာဥ်ပေါ်ပါ ရေဝင်ဘားများ အား ဖွင့်လှစ် နစ်မြုပ်လျက်ရှိကြောင်း သတင်းရရှိသည်။
Telegram»…
https://t.me/positiveanglenews