ဓာတ်ငွေ့ပိုက်လိုင်းလုံခြုံရေးရဲ ၂ ဦးကို PDF ဖမ်းဆီး

(ပြည်တွင်း) ဒီဇင်ဘာ ၁၂

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် သပွတ်စုကျေးရွာရှိ   ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း တာဝန်ထမ်းဆောင်နေသည့် ၊လက်မှတ်ကုန်းနယ်မြေရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦးနှင့် ဒုတပ်ကြပ်တစ်ဦးကို PDF များမှဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

သပွတ်စုကျေးရွာရှိ   ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ကြပ် အောင်ဒင်နှင့် ရဲဒုတက စိုးမြတ်အောင်တို့ ၂ ဦး ပျောက်ဆုံးနေသည့်အတွက် သွားလာတတ်သည့်နေရာများသို့ လိုက်လံစုံစမ်းခဲ့ရာ ဒီ ၁၁ ၁၁၃၀ အချိန်ခန့်တွင် ရေနံချောင်းမြို့နယ်၊ ရွှေတုတ်ကန်ကျေးရွာအုပ်စု၊ မကျည်းတိုင်းကျေးရွာရှိ ဦးလှကြီးမောင်၊ ဒေါ်မာမာဝင်းတို့၏ အလှူအိမ်သို့ ရောက်ရှိခဲ့ကာ မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်တွင် အလှူအိမ်မှ ရေနံနှင့်သဘာဝဓါတ်ငွေ့ပိုက်လိုင်းအခြေပြု(သပွတ်စု)သို့အပြန် မကျည်းတိုင်းကျေးရွာထိပ်တွင် အမည်မသိအကြမ်းဖက် PDF အင်အား(၅)ဦးခန့် (လက်နက်စိစစ်ဆဲ)မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ရဲတပ်ဖွဲ့ဝင်များအား အကြမ်းဖက် PDF များမှ မကျည်းတိုင်းကျေးရွာမှတစ်ဆင့် ကျေးရွာချင်းဆက်လမ်း အတိုင်းအရှေ့မြောက်(၂၅)မိုင် ခန့်အကွာ အင်တောကျေးရွာအုပ်စု၊ အင်တောကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း  သတင်းအရင်းအမြစ်များ၏‌ပြောဆိုချက်အရ သိရသည်။

#PAN