တက္ကဆက်တွင် လေယာဉ်နှင့်ကားတိုက်မှုဖြစ်ပွား


(နိုင်ငံတကာ) ဒီဇင်ဘာ ၁၂

အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်ရှိ လမ်းဆုံတစ်ခုတွင် လေယာဉ်တစ်စီးနှင့် ကားသုံးစီးတိုက်မှု ဖြစ်ပွားကာ လူ ၅ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်းသိရသည်။

ဗစ်တိုးရီးယားရဲတပ်ဖွဲ့၏ အဆိုအရ အဆိုပါလမ်းဆုံတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်းအတည်ပြုခဲ့ပြီး အဆိုပါ ဖြစ်စဉ်ဖြစ်ပွားရာအနီးရှိ လူစည်ကားသော ပန်းခြံတစ်ခုကိုလည်း ပိတ်ပစ်ခဲ့ရကြောင်းသိရသည်။

အင်ဂျင်နှစ်လုံးတပ် Piper Navajo အမျိုးအစားလေယာဉ်သည် လေယာဉ်မောင်းနှင်းသူတစ်ဦးသာ လိုက်ပါလာခဲ့ပြီး ဒေသတွင်းလေဆိပ်တစ်ခုမှ ထွက်ခွာလာခဲ့ပြီး ပျံသန်းချိန် ၅ နာရီကျော်တွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဖြစ်စဉ်တွင် လူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လေယာဉ်ပျက်ကျရခြင်း နှင့်ပတ်သက်ပြီးစုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ဖက်ဒရယ်လေကြောင်းစီမံခန့်ခွဲရေးအဖွဲ့က ထုတ်ပြန်ထားသည်။

Telegram»…
https://t.me/positiveanglenews

PAN