အစ္စရေးစစ်တပ်က ဆီးရီးယားမြို့တော်အနီးထိ ဝင်ရောက်လာ


(နိုင်ငံတကာ) ဒီဇင်ဘာ ၁၀

ဆီးရီးယားအစိုးရပြုတ်ကျသွားပြီးနောက် အစ္စရေးစစ်တပ်သည် မြို့တော် ဒမက်စကတ်အနီးထိ ချီတက်ချဉ်းကပ်လာကြောင်းသိရသည်။

နိုင်ငံတကာ မီဒီယာများ၏ဖော်ပြချက်အရ အစ္စရေးသည် နှစ်ပေါင်း (၅၀)အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် စစ်မဲ့ဇုန်အတွင်း ချီတက်သိမ်းပိုက်ခဲ့ကြောင်းသိရသည်။

ထို့အပြင် အစ္စရေးနှင့်အမေရိကန်လေတပ်သည် ဆီးရီးယားနိုင်ငံအတွင်းရှိ စစ်ရေးအဆောက်အဦးများအား လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၀၀ နီးပါးအထိ ပြုလုပ်ထားကြောင်းသိရသည်။

ဆီးရီးယား၏နယ်မြေအချို့အား ထိန်းချုပ်ရန် မြေပြင်တပ်ဖွဲ့များအား အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုမှအမိန့်ပေးခဲ့ခြင်းဖြစ်ပြီး ဆီးရီးယားစစ်သားများ လက်နက်ချထွက်ခွာသွားပြီးနောက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်လည်း ပျက်ပြယ်သွားကြောင်း နေတန်ရာဟုကဆိုသည်။

Telegram»…
https://t.me/positiveanglenews

PAN