ကလေးဝမြို့နယ်၊ ရှမ်းအင်းရွာနှင့် ချင်းတွင်းတံတားဂိတ်လုံခြုံရေအဖွဲ့အား အကြမ်းဖက် PDF အဖွဲ့များမှ ဒရုန်းဗုံးချတိုက်ခိုက်


(ပြည်တွင်း) ဒီဇင်ဘာ ၉

ယနေ့ နံနက် ၁၁ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၊ ရှမ်းအင်းရွာကို အကြမ်းဖက် PDF များက Drone ဗုံးချ၍ တိုက်ခဲ့သဖြင့် ကလေးငယ် ၂ ဦး ပြင်းထန်ဒဏ်ရာများရရှိကြောင်း သိရသည်။

အကြမ်းဖက် PDF အဖွဲ့များ၏ ဗုံးစထိမှန်သဖြင့် ရှမ်းအင်းရွာနေ အသက် ၇ နှစ် အရွယ် ကလေးငယ် တစ်ဦး မေးရိုးပေါက်ပြဲ (ပြင်းထန် ဒဏ်ရာ) ရရှိခဲ့ပြီး၊ အသက် ၁၁ နှစ် အရွယ် ကလေးငယ် တစ်ဦးမှာ ကျောရိုး ဗုံးစထိမှန် ဒဏ်ရာများရှိခဲ့ကြကြောင်း သိရသည်။

အလားတူ ကလေးဝမြို့အနီးရှိ ချင်းတွင်း တံတားလုံခြုံရေးဂိတ်ကိုလည်း အကြမ်းဖက် PDF စစ်သွေးကြွအဖွဲ့များက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တပ်မတော်သား ၁ ဦး နှင့် ခရီးသည်တင်ယာဉ်မှ ကားသမား ၂ ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း မြေပြင်သတင်းများအရ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN