(ပြည်တွင်း) ဒီဇင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ သစ်ရုံကျေးရွာအတွင်း အကြမ်းဖက် PDF ၇၀ ခန့် ရောက်ရှိနေပြီး ကျေးရွာအတွင်းရှိ နေအိမ်များတွင် စခန်းချနေထိုင်လျက်ရှိကြောင်း အကြမ်းဖက်မှုကိုမလိုလားသည့် ဒေသခံများ၏ သတင်းပေးပို့ချက်အရ ယနေ့နံနက် ၅ နာရီ ၃၀ မိနစ်အချိန်ခန့်က တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ သွားရောက်ရှင်းလင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့၏တိုက်ခိုက်မှုကြောင့် အကြမ်းဖက် PDF ၂ လောင်း၊ သေနတ် ၂ လက် ရရှိခဲ့ပြီး အကြမ်းဖက် PDF ၁၀ ဦးခန့်သေဆုံးခဲ့ကာ အလောင်းများနှင့် ထိခိုက်ဒဏ်ရာရရှိသူများအား ဆွဲထုတ်ထွက်ပြေးသွားကြောင်း သိရသည်။
ထိတွေ့ မှုဖြစ်စဥ်တွင် တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်ဌာနေအဖွဲ့ ပူးပေါင်းစစ်ကြောင်းမှ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သတင်းရရှိသည်။
Telegram»…
https://t.me/positiveanglenews