ဘင်္ဂလားဒေ့ရှ်နိုင်ငံ မီဒီယာများမှ ရေးသားဖော်ပြထားသည့် မြန်မာ့တပ်မတော်(ရေ)မှ ပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသအနီး ငါးဖမ်းနေသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဆိုသည့် သတင်းနှင့်ပတ်သက်၍ ထုတ်ပြန်ချက်


(ပြည်တွင်း) နိုဝင်ဘာ ၃၀

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ငါးဖမ်းစက်လှေ ၁ စီးသည် ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသ၊ ကော့ဘဇားရှိ စိန့်မာတင်(St Martin)ကျွန်းအနီး နိုဝင်ဘာလ ၂၇ ရက် နေ့တွင် ငါးဖမ်းနေစဉ် မြန်မာ့တပ်မတော်(ရေ)မှ ပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁ ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သည်ဟူ၍ အဆိုပါနိုင်ငံရှိ http;//www. Dhakatribune.com / Bangladesh / nation / 366495 / Bangladeshi-fisherman-injurred-by-myanmar-navy များ၌ ရေးသားဖော်ပြလျက်ရှိသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ စိစစ်ခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မီဒီယာများ၌ ဖော်ပြထားသည့် နိုဝင်ဘာလ ၂၇ ရက်တွင် အဆိုပါနေရာ၌ မည်သည့် မြန်မာ့တပ်မတော်(ရေ)မှ စစ်ရေယာဉ်များမရှိဘဲ နေ့လယ် ၁ နာရီ ၄၅ မိနစ်ချိန်ခန့်၌ စစ်တွေဘက်မှ ရေ/ရိက္ခာ ဖြည့်ဆည်းပြီး ပြန်လည်ထွက်ခွာလာသည့် စစ်ရေယာဉ် ၁ စီးသာ မြောက်လတ္တီကျု ၂၀ ဒီဂရီ ၃၄ ဒသမ ၁ နှင့် အရှေ့လောင်တီကျု ၉၂ ဒီဂရီ ၂၆ ဒသမ ၇ မိနစ် မြင်းလွတ်ရွာ၏ အနောက်တောင်ဘက် ၅ မိုင်ခန့်အကွာ၌ ရောက်ရှိ အခြေပြုလျက်ရှိကြောင်း သိရှိရသည်။

ယခုကဲ့သို့ ဖြစ်စဉ်များသည် နှစ်နိုင်ငံနယ်ခြားစောင့် တပ်အချင်းချင်း အောက်ခြေအဆင့် ညှိနှိုင်းဖြေရှင်းနိုင်သော်လည်း မီဒီယာများမှ နှစ်နိုင်ငံအစိုးရချင်း၊ ပြည်သူ အချင်းချင်း ရှိပြီးချစ်ကြည်ရင်းနှီးမှုအား ပျက်ပြားစေရန်နှင့် အနှောင့်အယှက်ဖြစ်စေရန် ရည်ရွယ်လုပ်ဆောင်နေခြင်းဖြစ်နိုင်သဖြင့် နှစ်နိုင်ငံဆက်ဆံရေး ထိခိုက်မှု၊ ပျက်ပြားမှု မရှိစေရေး နယ်စပ်ဒေသဆက်ဆံရေးအား မြန်မာနိုင်ငံအစိုးရဘက်မှလည်း သတိပြု ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN