ပေါင်မြို့နယ်မှာ ကျောက်မိုင်းလုပ်ငန်းအချို့ ပြန်လည်လှုပ်ရှားလာ

(စီးပွားရေး) နိုဝင်ဘာ ၂၇

၂၀၁၉ ခုနှစ်နှောင်းပိုင်းကစလို့ ထုတ်လုပ်မှုတွေရပ်နားထားကြတဲ့ မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းက ကျောက်မိုင်းနဲ့ ခွဲကျောက်ထုတ်လုပ်ရေးလုပ်ငန်းအချို့ ပြန်လည်အသက်ဝင်လှုပ်ရှားလာတယ်လို့ သိရပါတယ်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်က ပေါင်မြို့၊ မိုးနိုင်းရပ်ကွက်၊ စွယ်တော်ပိုင်းက မဟာအောင်ပွင့်ကောင်း ကျောက်မိုင်းလုပ်ငန်းခွင်အတွင်း မြေထိုးစက်ပိပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီးတဲ့နောက် သက်ဆိုင်ရာက လုပ်ငန်းကို ရပ်နားခိုင်းခဲ့ရာမှ အခြားကျောက်ခွဲထုတ်လုပ်သူတွေကပါ လုပ်ငန်း ခေတ္တရပ်ဆိုင်းခဲ့ကြတာဖြစ်ပါတယ်။

၆ နှစ်တာနီးပါး ရပ်ဆိုင်းထားကြတဲ့ ကျောက်ခွဲထုတ်လုပ်သူတွေဟာ ယခုနှစ် အောက်တိုဘာလက စတင်ပြီး ကျောက်မိုင်းလုပ်ငန်းတွေကို ပြန်လည်စတင် လုပ်ကိုင်လာကြတယ်လို့လည်း ဒေသခံတွေရဲ့ပြောဆိုချက်​တွေအရ သိရပါတယ်။

လက်ရှိပေါင်မြို့နယ်အတွင်းမှာ ကျောက်မိုင်းလုပ်ငန်းပေါင်း ရှစ်ခုထက်မနည်း ပြန်လည် လည်ပတ်နေပြီးလို့လည်း ဒေသခံတွေကဆိုပါတယ်။

ပြန်လည်အသက်ဝင်လှုပ်ရှားနေကြတဲ့ ကျောက်မိုင်းလုပ်ငန်းအချို့ဟာ သက်တမ်းကုန်နေပေမယ့်လည်းလုပ်ကိုင်နေကြတယ်လို့လည်း သိရပါတယ်။

မိုင်းခွဲထုတ်လုပ်ရတဲ့ ကျောက်ခွဲ ကျောက်ထုတ်လုပ်ငန်းတွေကို သက်ဆိုင်ရာ ရပ်ကွက်နဲ့ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုးတွေရဲ့ ထောက်ခံချက်တွေနဲ့ ပြန်လည်လုပ်ကိုင်နေကြတာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

#PAN