(နိုင်ငံတကာ) နိုဝင်ဘာ ၂၆
အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်သည် တရုတ်၊ မက္ကဆီကိုနှင့် ကနေဒါမှ ကုန်ပစ္စည်းများကို အခွန်တိုးမြှင့်ကောက်ခံမည်ဟု ထရမ့်ကတိပြုပြောဆိုခဲ့သည်။
အဆိုပါ လုပ်ဆောင်ချက်သည် အမေရိကန် ပြည်တွင်း ကုန်စည်ဈေးနှုန်းများ မြင်တက်နိုင်ဖွယ်ရှိကြောင်း ဝေဖန်မှုများရှိသော်လည်း သမ္မတထရမ့်အနေဖြင့် မဖြစ်မနေလုပ်ဆောင်သွားဖွယ်ရှိကြောင်းသိရသည်။
ထရမ့်က အမေရိကန်နိုင်ငံအတွင်းသို့ နယ်စပ်ဖြတ်ကျော်ကာ ဝင်ရောက်လာသည့် ရာဇဝတ်မှုနှင့် တရားမဝင် မူးယစ်ဆေးဝါးကုန်ကူးမှုများအား လက်တုန့်ပြန်ခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် လက်ရှိအကောက်ခွန်များထက် 10% ထက် ပိုမိုမြင့်မားသော ကုန်စည်များအပေါ် စည်းကြပ်ခွန်ဆောင်ရမည်ဟု ထရမ့် က ပြောကြားခဲ့သည်။
ထရမ့်၏ပြောကြားချက်နှင့်ပတ်သက်ပြီး တရုတ်သံရုံးပြောရေးဆိုခွင့်ရှိသူ Liu Pengyu က “တရုတ်အပေါ် အမေရိကန်က အခွန်စည်းကြပ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ တရုတ်-အမေရိကန် စီးပွားရေးနဲ့ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဟာ သဘာဝအရ အပြန်အလှန် အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။
ကုန်သွယ်ရေးစစ်ပွဲ သို့မဟုတ် အကောက်ခွန်စစ်ပွဲကို မည်သူကမှ အနိုင်ရမည်မဟုတ်” ဟု ပြောကြားခဲ့သည်။
Telegram»…
https://t.me/positiveanglenews