(ပြည်တွင်း) နိုဝင်ဘာ ၂၅
တပ်မတော်လုံခြုံ ရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များအခြေပြုကာ လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် ညောင်ဦးမြို့နယ်၊ ငါ့သရောက်နယ်မြေရဲစခန်းအား အကြမ်းဖက် PDF အင်အား ၂၀ ခန့်က နယ်မြေရဲစခန်း၏ အရှေ့တောင်ဘက်၊ တောပြားကျေးရွာဘက်မှ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယနေ့နံနက် ၆ နာရီ ၂၀ မိနစ်အချိန်ခန့်က ငါ့သရောက်နယ်မြေရဲစခန်းအား အကြမ်းဖက် PDF အင်အား ၂၀ ခန့်က လက်နတ်ငယ်များဖြင့် ပစ်ခတ်သဖြင့် နယ်မြေရဲစခန်းအတွင်းမှ တပ်မတော် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာမှ နံနက် ၆ နာရီ ၃၅ မိနစ်အချိန်ခန့်တွင် အကြမ်းဖက် PDF များ အရှေ့မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ ဆုတ်ခွာထွက်ပြေးသည့် အကြမ်းဖက် PDF များက ငါ့သရောက်မြို့နယ်ခွဲရှိ စည်ပင်ရုံး၊ ပြန်/ဆက်ရုံး၊ လျပ်စစ်ရုံးတို့အား မီးရှို့ဖျက်ဆီးသွားခဲ့ရာ စည်ပင်ရုံးတွင် ၂၀×၃၀ ပေ၊ သွပ်မိုး၊ အုတ်ညှပ်အဆောက်အဦး ၁ လုံးနှင့် ရုံးသုံးပရိဘောဂပစ္စည်းများ၊ ပြန်/ဆက်ရုံးတွင် ၄၀×၂၄ ပေ၊ သွပ်မိုး၊ အုတ်ကာ၊ အဆောက်အဦး ၁ လုံး၊ ၂၀×၂၀ပေ၊ သွပ်မိုး၊ အုတ်ကာအဆောက်အဦး ၁ လုံးနှင့် ရုံးသုံးပရိဘောဂပစ္စည်းများ၊ လျပ်စစ်ရုံးတွင် ၃၀×၂၀ ပေ၊ အမြင့် ၁၅ ပေရှိ သွပ်မိုး၊ အုတ်ကာ အဆောက်အဦး ၁ လုံး၊ ဝန်ထမ်းအိမ်ယာ ၄ ခန်းတွဲ လိုင်းခန်းနှင့် လုံးချင်းအိမ်ယာ ၁ လုံးမှ မှန်ပြူတင်း ၃၀ ချပ် ကွဲအက်ပျက်စီးခြင်း၊ ရုံးသုံးပရိဘောဂပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် PDF များ ဆုတ်ခွာထွက်ပြေးသွားသည့် နောက်သို့ တပ်မတော်စစ်ကြောင်းမှ လိုက်လံရှင်းလင်းလျက်ရှိကြောင်း သိရှိရသည်။
Telegram»…
https://t.me/positiveanglenews