(အားကစား) နိုဝင်ဘာ ၂၄
အင်တာမိုင်ယာမီအသင်းက အသင်းနည်းပြရာထူးမှ နုတ်ထွက်သွားခဲ့တဲ့ နည်းပြ မာတီနို ရဲ့နေရာမှာ အာဂျင်တီးနားနဲ့ ဘာစီလိုနာအသင်း ကစားသမားဟောင်းဖြစ်တဲ့ နည်းပြ မာရှေယာနို ကို သုံးနှစ်စာချုပ်နဲ့ ခန့်အပ်ခဲ့ပါတယ်။
နည်းပြ မာတီနို က အင်တာမိုင်ယာမီအသင်းကို မေဂျာလိဂ်ပြိုင်ပွဲ ရမှတ် ၇၄ မှတ်နဲ့ အမှတ်ပေးဇယား အဆင့်(၁)နေရာ၌ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် ရှုံးထွက်ဖလားပြိုင်ပွဲမှာ ၁၆ သင်းအဆင့်က ထွက်ခွာခဲ့ရတဲ့အတွက် နည်းပြရာထူးမှ နုတ်ထွက်သွားခဲ့တာဖြစ်ပါတယ်။
နည်းပြ မာရှေယာနို ဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝမှ အနားယူပြီးနောက် နည်းပြလောကသို့ ဝင်ရောက်ခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ အာဂျင်တီးနား ယူ-၂၀ အသင်း၊ ၂၀၂၃ ခုနှစ်မှာ ယူ-၂၃ အသင်းတို့ကို နည်းပြအဖြစ် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ အင်တာမိုင်ယာမီအသင်းရဲ့ နည်းပြသစ်အဖြစ် တာဝန်ယူ ဆောင်ရွက်မှာဖြစ်ပါတယ်။
Telegram»…
https://t.me/positiveanglenews