(ပြည်တွင်း) နိုဝင်ဘာလ ၂၂ ရက်
ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ရေကြီးရေလျှံမှုများ ထပ်မံမဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေလမ်းကြောင်းများဖော်ထုတ်ခြင်းနှင့် ရှေးဟောင်းရေကန် ၉၁ ကန်အား ပြန်လည်တူးဖော် ထိန်းသိမ်း၍ ကန်ဆယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
အဆိုပါ ရှေးဟောင်းရေကန်တူးဖော်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသည့် ဝန်ကြီးဌာနများနှင့် ရေကန်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၂၁ ရက်က အမျိုးသားပြတိုက် (ရန်ကုန်) ဘက်စုံခန်းမတွင် ကျင်းပခဲ့ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများနှင့် ရေကန်အလှူရှင်များ တက်ရောက်ခဲ့ကြပါတယ်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်ပေးကြတဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် ရေကန်တစ်ကန်ချင်းစီအတွက် အလှူရှင် ၂၁ ဦးအား ဂုဏ်ပြုမှတ်တမ်း လွှာပေးအပ်ကြပါတယ်။
လက်ရှိမှာ ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးသော ရေကန် ၄၅ ကန်နှင့် ဆောင်ရွက်လျက်ရှိနေဆဲဖြစ်တဲ့ ရေကန် ငါးကန်ရှိပြီး ဆက်လက်၍မတူးဖော်ရသေးသော ရေကန် ၃၄ ကန်ကို ကန်ဆယ်တူးဖော်ခြင်းများ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ပုဂံခေတ် ရှေးဟောင်းရေလမ်းကြောင်း အဓိကသုံးကြောင်းကိုလည်း နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့၏ ပူးပေါင်းကူညီမှုဖြင့် ပြန်လည်ဖော်ထုတ်ပြုပြင်ခဲ့ကြကြောင်း သိရပါတယ်။
ထို့နောက် ရေလမ်းကြောင်းများ ဖော်ထုတ်နေမှုအခြေအနေနှင့် ရေကန်များအား ပြုပြင်ထိန်းသိမ်းတူးဖော် ကန်ဆယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေ များကို Power Point ၊ Video Short Clip များဖြင့် အသေးစိတ်ရှင်းလင်း ပြောကြားကြပါတယ်။
ပြည်ထောင်စုဝန်ကြီးက တူးဖော်ရန် ရေကန်တစ်ကန်ချင်း လှူဒါန်းခဲ့သည့် အလှူရှင် ၂၁ ဦးတို့အား ဂုဏ်ပြု မှတ်တမ်းလွှာ၊ ဆောင်ရွက်ပြီးစီးမှုမှတ်တမ်းဓာတ်ပုံနှင့် ရေကန်ဆိုင်ရာအချက် အလက်များကို ပေးအပ်ရာ အလှူရှင်များ ကိုယ်စား ရန်ကုန်တိုင်းဒေသကြီး၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း က လက်ခံရယူ၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါတယ်။
Telegram»…
https://t.me/positiveanglenews