(နိုင်ငံတကာ) နိုဝင်ဘာ ၂၂
ဩစတေးလျနိုင်ငံတွင် အသက် ၁၆ နှစ်အောက် လူငယ်နှင့် ကလေးငယ်များအား ဆိုရှယ်မီဒီယာ အသုံးပြုမှု ကန့်သတ်ရန်ပြင်ဆင်နေကြောင်းသိရသည်။
ဩစတေးလျအစိုးရနှင့် နည်းပညာကုမ္မဏီများ စုပေါင်းကာ ဥပဒေကြမ်းတစ်ရပ်ကိုလည်း ရေးဆွဲမိတ်ဆက်ထားပြီး အဆိုပါ တားမြစ်ချက်ဥပဒေကို ဖောက်ဖျက်မည်ဆိုပါက ဒေါ်လာသန်းနှင့်ချီ ဒဏ်ကြေးပေးဆောင်ရနိုင်သည့် ပြဌာန်းချက်များလည်း ပါဝင်သည်။
အဆိုပါကန့်သတ်ချက်တွင် လူမှုကွန်ယက် ပလက်ဖောင်းများဖြစ်သည့် TikTok၊ X၊ Instagram နှင့် Snapchat တို့ပါဝင်ကြောင်း သတင်းများထွက်ပေါ်နေသောလည်း တိကျသည့် ထုတ်ပြန်ချက်တစ်စုံတစ်ရာ မရှိသေကြောင်းသိရသည်။
Telegram»…
https://t.me/positiveanglenews