(ပြည်တွင်း) နိုဝင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ နိဗ္ဗာန်ဝကျေးရွာရှိ မုံရွာခရိုင် အကြမ်းဖက်တပ်ရင်းတစ်ခု၏ ရှေ့တန်းစခန်း ၂ ခုအား လုံခြုံရေးပူးပေါင်းတပ်အဖွဲ့က သိမ်းပိုက်ရရှိကြောင်းသိရသည်။
နိုဝင်ဘာ ၁၉ ရက် နံနက် ၈ နာရီကျော်အချိန်ခန့်တွင် ဒေသခံများ၏ လျိုဝှက်သတင်းပေးချက်အရ လုံးခြုံရေးပူးပေါင်းအဖွဲ့မှ ဝင်ရောက်စီးနင်းရာ နိဗ္ဗာန်ဝရွာ PDF စခန်းနှင့် ၎င်းရွာအနီးကပ်လျက်မှာရှိသော ရွှေမြင်းတင်တောင်ရှိ ရှေ့တန်း အကြမ်းဖက် PDF စခန်း ၂ ခုကိုစီးနင်းသိမ်ပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ရွှေမြင်းတင်တောင်ရှိ ရှေ့တန်းအကြမ်းဖက် PDF စခန်းမှ လက်လုပ်သေနတ်များ၊ အကြမ်းဖက်ယူနီဖောင်းများ၊ ဆိုင်ကယ် ၂ စီး၊ ရိက္ခာများနှင့် နိဗ္ဗာန်ဝရွာအကြမ်းဖက် PDF စခန်းမှ ကား ၁ စီး၊ တပ်ဖွဲ့စာရွက်စာတမ်း၊ ရိက္ခာများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews