L(ပြည်တွင်း) နိုဝင်ဘာ ၂၁
လျှပ်စစ်မီတာဘေလ်၊ ရေခွန်၊ အိမ်ခွန်၊ သန့်ရှင်းရေးအခွန်များနှင့် စည်ပင်သာယာအခွန်များ၊ အင်တာနက်ဘေလ် များကို Mandalay Smart Pay (MSP)ဖြင့် ပေးချေနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။
Mandalay Smart Pay(MSP)ဖြင့် လစဉ်ပေးဆောင်ရတဲ့ အခွန်အခများအပြင် ဖုန်းဘေလ်ဖြည့်ခြင်း၊ Internet Data Package များ၊ Game Card၊ Gift Card၊ စတိုးဆိုင်နှင့် ဈေးဝယ်စင်တာများ၌ ဈေးဝယ်ရာတွင် Digital Payment ဖြင့် ငွေပေးချေနိုင်ပါတယ်။ အဆိုပါ MSP app ကို Google Play Store နှင့် Apple Play Store တွင် Download Register ပြုလုပ်ပြီး အသုံးပြုနိုင်ပါတယ်။
MSP ထဲသို့ ငွေသွင်း၊ ငွေထုတ်ပြုလုပ်လိုပါက MPU ကတ်ဖြင့် တိုက်ရိုက်ငွေဖြည့်နိုင်ပြီး MSP app ၏ ဘဏ်ဖြစ်တဲ့ ရတနာပုံဘဏ်ခွဲများ၊ မန္တလေးမြို့တွင်းရှိ အမျာသုံး အိမ်သာ(၈)ခု၊ MCDC Counter များ MSP Sign Board ချိတ်ထားသော Agent ဆိုင်များမှာ အလွယ်တကူငွေသွင်း၊ ငွေထုတ်ပြုလုပ်နိုင်ပါတယ်။
MSP အသုံးပြုသူများအနေဖြင့် သိရှိလိုသည်များကို မေးမြန်းလိုပါက (MSP Hotline- 09773396366, 0944841 5008) နံပါတ်များကို ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရပါတယ်။
#PAN