(နိုင်ငံတကာ) နိုဝင်ဘာ ၂၀
ပြီးခဲ့သည့် သီတင်းပတ်က တရုတ်နိုင်ငံ တောင်ပိုင်း ဇူဟိုင်းဒေသတွင် ကြီးမားသည့် နည်းပညာမြင့်လေကြောင်းပြပွဲတစ်ခု ပြုလုပ်ခဲ့ကြောင်းသိရသည်။
တရုတ်၏ ဇူဟိုင်းလေကြောင်းပြပွဲသည် နှစ်နှစ် တစ်ကြိမ်ကျင်းပခဲ့ပြီး ယခုအခါ အဆိုပါပြပွဲတွင် ပြသသည့် နည်းပညာမြင့် စစ်ဘက်ဆိုင်ရာ လက်နက်များအား ကျွမ်းကျင်သူများမှစောင့်ကြည့် အကဲခတ်ရန် အခွင့်အရေးဖြစ်စေကြောင်းသိရသည်။
ယခုနှစ် ဇူဟိုင်းပြပွဲတွင် နည်းပညာမြင့် တိုက်လေယာဉ်များ မောင်းသူမဲ့လေယာဉ်နှင့် မောင်းသူမဲ့ တိုက်ခိုက်ရေးဒရုန်းတင်ဆောင်သည့်သင်္ဘောများ ပါဝင်ပြသခဲ့ကြောင်းသိရသည်။
တရုတ်နိုင်ငံ၏နည်းပညာမြင့် J-35A ကိုယ်ပျောက်တိုက်လေယာဉ်၊ HQ-19 တိုက်ချင်းပစ်ဒုံးကျည်၊ စွမ်းဆောင်ရည်မြင့် အကြီးစား Jetank မောင်းသူမဲ့တိုက်ခိုက်ရေးဒရုန်း၊ Orca မောင်းသူမဲ့ တိုက်ခိုက်ရေးဒရုန်းများ သယ်ဆောင်နိုင်သည့် ဒရုန်းများ တင်ဆောင်သည့် သင်္ဘောများနှင့် ဝေဟင်မှ ဝေဟင်ပစ် PL-15 ဒုံးကျည်တို့ကို ထုတ်ဖော်ပြသခဲ့သည်။
ထို့အပြင် ရုရှားနိုင်ငံထုတ် နောက်ဆုံးပေါ် အဆင့်မြင့်ဆုံးတိုက်လေယာဉ် Su-57 ကိုလည်း အဆိုပါ ပြပွဲတွင် ပွဲဦးထွက်ပြသခဲ့ပြီး ရုရှားအခြေစိုက် သတင်းဌာနများ၏ အဆိုအရ အဆိုပါတိုက်လေယာဉ်များအား ပြည်ပသို့တင်ပို့ရန် စာချုပ်များ ချုပ်ဆိုနိုင်ခဲ့ကြောင်းသိရသည်။
Telegram»…
https://t.me/positiveanglenews