(ပြည်တွင်း) နိုဝင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ နတ္တလင်းခရိုင် ၊ သဲကုန်းမြို့နယ် ၊ သပြေလှအုပ်စု ၊ ယင်းတိုက်ကွင်းရွာ(အနောက်စု)၊ ရာအိမ်မှူးအား ယနေ့နံနက် ၄ နာရီအချိန်ခန့်က အကြမ်းဖက်သမား PDF များမှ သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။
ယင်းတိုက်ကွင်းရွာ(အနောက်စု)၊ ရာအိမ်မှူး ဦးဌေးလွင်၊ ၃၅ နှစ်၏ နေအိမ်သို့ ယနေ့နံနက် ၄ နာရီအချိန်ခန့်က အကြမ်းဖက်သမား PDF များရောက်ရှိလာပြီး ၎င်းအား ဖမ်းဆီးခေါ်ဆောင်ကာ ယင်းတိုက်ကွင်းရွာ(အနောက်စု)၏ အရှေ့ဘက်တွင်ရှိသော ကွင်းကြီးအုပ်စုနှင့် ပုတီးကုန်းမြို့သို့ ဆက်သွယ်ထားသော ဆက်သွယ်ရေးလမ်းမပေါ်တွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ထားခဲ့ကြောင်း ကနဦးသတင်း ရရှိသည်။
ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ”ဟူသည့် တစ်ဖက်သတ်အစွန်းရောက်ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Telegram»…
https://t.me/positiveanglenews