ကမ္ဘာတဝန်း EV ကား အများဆုံးရောင်းချရတဲ့ ထိပ်တန်းကုမ္ပဏီစာရင်းမှာ တရုတ်ကုမ္ပဏီက နံပါတ် ၁ နေရာရရှိ

(နိုင်ငံတကာ) နိုဝင်ဘာ ၂၀

၂၀၂၄ ခုနှစ် ပထမ ၈ လအတွင်း ကမ္ဘာတဝန်း EV ကား အများဆုံးရောင်းချရတဲ့ ထိပ်တန်းကုမ္ပဏီစာရင်းမှာ တရုတ်ကုမ္ပဏီ BYD က နံပါတ် ၁ နေရာမှာရှိနေပြီး အစီးရေ ၂.၂ သန်းကျော် ရောင်းချထားရပါတယ်။

ဒုတိယနေရာမှာရှိနေတဲ့ အီလွန်မက်စ်ရဲ့ တက်စ်လာကတော့ အစီးရေ ၁.၁ သန်းကျော် ရောင်းချထားရပြီး တတိယနေရာမှာရှိနေတဲ့ ဂျာမန်ကားကုမ္ပဏီ BMW ကတော့ အစီးရေ ၃ သိန်းခွဲနီးပါး ရောင်းထားရတာဖြစ်ပါတယ်။

ဒါပေမဲ့ EV ကား အများဆုံးရောင်းချရတဲ့ ထိပ်တန်းကုမ္ပဏီ ၁၀ ခုမှာတော့ တရုတ်ကုမ္ပဏီတွေက ၆ ခုအထိ ပါဝင်နေတာဖြစ်ပြီး ဂျာမနီကတော့ ၃ ခုအထိ ပါဝင်နေတာ တွေ့ရပါတယ်။

Ref: HM

#PAN