ဂျာမနီ က ထောက်ပံ့နိုင်သည့် အနိမ့်ပျံဒုံးကျည်များက ယူကရီန်းစစ်မြေပြင်ကို သိသာစွာပြောင်းလဲစေမည် မဟုတ်ဟုဆို


(နိုင်ငံတကာ) နိုဝင်ဘာ ၁၉

ဂျာမနီ က ယူကရိန်းသို့ထောက်ပံ့ပေးနိုင်ဖွယ်ရှိသည့် ဝေဟင်မှပစ်လွှတ်နိုင်သော အနိမ့်ပျံဒုံးကျည်များက ယူကရိန်းတို့၏စစ်မြေပြင်ကို သိသာထင်ရှားစွာ ပြောင်းလဲစေမည် မဟုတ်ကြောင်း ဂျာမနီကာကွယ်ရေးဝန်ကြီး က ပြောထားသည်။

ဂျာမနီအစိုးရသည် Taurus အမျိုးအစား အနိမ့်ပျံဒုံးကျည်များကို ယူကရိန်းသို့ ထောက်ပံ့ပေးရန် စဉ်းစားလျက်ရှိသည်ဟူသော သတင်းများထွက်ပေါ်နေစဉ် ဂျာမနီကာကွယ်ရေး ဝန်ကြီး ဘောရစ် ပစ္စတိုးရီးယပ် က ယခုကဲ့သို့ မှတ်ချက်ပြုပြောခြင်း ဖြစ်သည်။

Taurus ဒုံးကျည်များသည် အမျိုးသားလုံခြုံရေး၊ NATO တပ်ဖွဲ့၏ မဟာဗျူဟာများနှင့် ဆက်စပ်နေသည့် ဒုံးကျည်အမျိုးအစားဖြစ်ကြောင်း၊ ၎င်းတို့ရည်မှန်းထားသောအရာသည် ယူကရိန်းအနေဖြင့် ထောက်ပံ့မှုများကို စဉ်ဆက်မပြတ်ရရှိနေရေးသာ ဖြစ်ကြောင်း ပစ္စတိုးရီးယပ် က ဆက်ပြောသည်။

အလားတူ ယူကရိန်းနိုင်ငံသို့ အနိမ့်ပျံဒုံးကျည်များ ထောက်ပံ့ပေးခြင်းသည် ရုရှားနှင့်ဖြစ်ပွားသောပဋိပက္ခတွင် ဂျာမနီနိုင်ငံက တိုက်ရိုက်ပါဝင် ပတ်သက်နေပြီဟူသော အဓိပ္ပါယ်သက်ရောက်စေမည်ဖြစ်သည့်အတွက် ကိုယ့်ကိုယ်ကိုယ်ပစ်မှတ်အဖြစ် အရောက် ခံနိုင်မှသာ ထိုဒုံးကျည်များကို ထောက်ပံ့ရန် စဉ်းစားရမည်ဖြစ်ကြောင်း ၎င်းက ပြောထားသည်ဟု RT သတင်းဌာန တွင် ဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews

PAN