ဗဟိုဘဏ်မှ စက်သုံးဆီတင်သွင်းသော လုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၃၅ သန်း ထပ်မံရောင်းချ ပေးခဲ့


(ပြည်တွင်း) နိုဝင်ဘာ ၁၉

ဗဟိုဘဏ်မှ နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) မှာ စက်သုံးဆီတင်သွင်းသော လုပ်ငန်းရှင် များအတွက် အမေရိကန်ဒေါ်လာ ၃၅ သန်း ထပ်မံရောင်းချပေးမည်ဖြစ်၍ ယခုနိုဝင်ဘာလအတွင်း ဒေါ်လာသန်း ၅၀ ရောင်းချပေးထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားခဲ့ပါတယ်။

ယခုနိုဝင်ဘာလအတွင်း ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာကို ၂ ကြိမ်မြောက်ထုတ်ရောင်းပေးခဲ့တာဖြစ်ပြီး နိုဝင်ဘာလ ၄ ရက်က အမေရိကန်ဒေါ်လာ ၁၅ သန်းနှင့် နိုဝင်ဘာလ ၁၆ ရက်မှာ အမေရိကန်ဒေါ်လာ ၃၅ သန်း ထပ်မံ‌ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။

ဗဟိုဘဏ်အနေဖြင့် ဒေါ်လာအပြင် အခြားသော ထိုင်းဘတ်နှင့် တရုတ်ယွမ်တို့ကိုလည်း ယခုနိုဝင်ဘာလ ၄ ရက်ကနေ ၁၂ ရက်တို့မှာ ရောင်းချပေးခဲ့ပါတယ်။

အဆိုပါ ခုနစ်ကြိမ်အတွင်း ထိုင်းဘတ် ၁၇၁ သန်းကျော်နှင့် တရုတ်ယွမ် ၁၂ သန်းကျော် ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဧပြီလမှ အောက်တိုဘာလအထိ ခုနစ်လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာတစ်ဘီလျံ ထုတ်ရောင်းပေးထားပြီးဖြစ်တယ်လို့ ဗဟိုဘဏ်မှ ထုတ်ပြန်ထားပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN