ဟောင်ကောင် ဆန္ဒပြခေါင်းဆောင်များ ထောင်ဒဏ်ချမှတ်ခံရ


(နိုင်ငံတကာ) နိုဝင်ဘာ ၁၉

၂၀၁၉ ခုနှစ်တွင်ဖြစ်ပွားခဲ့သည့် ဟောင်ကောင်ဆန္ဒပြပွဲများ၏ ဦးဆောင်သူများ ထောင်ဒဏ်ချမှတ်ခံခဲ့ရကြောင်းသိရသည်။

တရုတ်ပြည်မကြီးသို့ တရားခံလွှဲပြောင်းရေး သဘောတူညီမှုအား ကန့်ကွက်ဆန္ဒပြပွဲသည် ဟောင်ကောင်မြို့ရှိ လမ်းမများနှင့် လေဆိပ်များ ပိတ်ဆို့ခဲ့ပြီး ခရီးစဉ်ပေါင်းများစွာ နှောင့်နှေးခဲ့ရသည်။

အဆိုပါ ဆန္ဒပြပွဲဦးဆောင်သူများမှ Benny Tai နှင့် Joshua Wong တို့နှစ်ဦးအား အမျိုးသားလုံခြုံရေးဆိုင်ရာ ရုံးတင်စစ်ဆေးမှုအပြီးတွင် Benny Tai အား ထောင်ဒဏ် ၁၀ နှစ် နှင့် Joshua Wong အား ထောင်ဒဏ် ၄ နှစ်ဖြင့် အသီးသီးချမှတ်ခဲ့ကြောင်းသိရသည်။

တရုတ်အစိုးရဆန့်ကျင်သည့် အနောက်တိုင်း မီဒီယာများက အဆိုပါ ဆန္ဒပြသူနှစ်ဦးအား ဒီမိုကရေစီလိုလားသူများဟု အသားပေးဖော်ပြခဲ့သည်။

Telegram»…
https://t.me/positiveanglenews

PAN