(နိုင်ငံတကာ) နိုဝင်ဘာ ၁၈
တရုတ်နိုင်ငံရဲ့ ပထမဆုံးပြည်တွင်းမှာ ဒီဇိုင်းဆွဲထုတ်လုပ်ထားတဲ့ သမုဒ္ဒရာရေနက်ပိုင်း တွင်းတူးသင်္ဘောကို ကွမ်ကျိုးမြို့မှာ တနင်္ဂနွေနေ့က စတင်အသုံးပြုလိုက်ပြီလို့ သိရပါတယ်။
ဒီသင်္ဘောဟာ ရေအောက်အနက် ၁၁ ကီလိုမီတာ (၇ မိုင်နီးပါး) အထိ တူးနိုင်တဲ့ ကမ္ဘာ့တစ်ခုတည်းသော သင်္ဘောအမျိုးအစားလည်း ဖြစ်ပါတယ်။
မန့်ရှန်းလို့အမည်ပေးထားတဲ့ ဒီသင်္ဘောဟာ ရက်ပေါင်း ၁၂၀ ဆက်တိုက် မရပ်မနား အလုပ်လုပ်နိုင်ပြီး ရေမိုင် ၁၅၀၀၀ ကျော် မောင်းနှင်နိုင်တယ်လို့ သိရပါတယ်။
Ref: HM
#PAN