တရုတ်အနေနဲ့ ထရမ့်အစိုးရလက်ထက်မှာ နှစ်နိုင်ငံဆက်ဆံရေး စီမံခန့်ခွဲမှုတွေအကောင်းဆုံးလုပ်ဆောင်သွားမည် ဟုဆို


(နိုင်ငံတကာ) နိုဝင်ဘာ ၁၆

ဂျိုးဘိုင်ဒင်နဲ့ နောက်ဆုံးအကြိမ် တွေ့ဆုံမှုအတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က တရုတ်အနေနဲ့ ထရမ့်အစိုးရလက်ထက်မှာ နှစ်နိုင်ငံဆက်ဆံရေးအတွက် စီမံခန့်ခွဲမှုတွေကို အကောင်းဆုံးလုပ်ဆောင်သွားမယ်လို့ ဆုံးဖြတ်ထားကြောင်း ပြောဆိုခဲ့ပါတယ်။

သူတို့နှစ်ဦးဟာ စနေနေ့က အာရှ-ပစိဖိတ်စီးပွားရေးဖိုရမ်ကို တက်ရောက်ရင်း  တွေ့ဆုံခဲ့တာဖြစ်ပြီး ပီရူးက ဟိုတယ်တခုမှာ ၂ နာရီကြာအောင် စကားပြောဆိုခဲ့ကြတယ်လို့လည်း သိရပါတယ်။

တရုတ်ဟာ အမေရိကန်နဲ့ ဆက်ဆံရေးကို အားကောင်းသန်မာပြီး မပြောင်းမလဲ ဆက်လက်ရှိနေချင်ကြောင်းလည်း ရှီက ပြောဆိုခဲ့ပါတယ်။

Ref: NOM

Telegram»…
https://t.me/positiveanglenews

PAN