(နိုင်ငံတကာ) နိုဝင်ဘာ ၁၄
ဘရာဇီးလ်တရားရုံးချုပ် အပြင်ဘက်မှာ ဗုဒ္ဓဟူးနေ့ညပိုင်းက ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားခဲ့လို့ သိရပါတယ်။
အဆိုပါ ပေါက်ကွဲမှုကြောင့် ဘေးလွတ်ရာကို ပြောင်းရွှေ့ခဲ့ကြရပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။
တရားရုံးချုပ်၊ ပါလီမန်နဲ့ သမ္မတနန်းတော်တည်ရှိရာ ဘရာဇီးလ်မြို့တော် Brasília မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
မြို့တော်လက်ထောက်အုပ်ချုပ်ရေးမှူးက တရားရုံးထဲကို အမျိုးသားတစ်ဦး ဝင်ရောက်ဖို့ ကြိုးစားခဲ့တာကို တားဆီးခဲ့ပြီးနောက် ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
တွေ့ရှိရတဲ့အလောင်းဟာ အဆိုပါအမျိုးသား ဟုတ်၊ မဟုတ်ဆိုတာကိုလည်း ပြောဆိုခြင်းမရှိသေးဘူးလို့ သိရပါတယ်။
ဒါဟာ တမင်သက်သက် တိုက်ခိုက်မှုဖြစ်ပြီး အပြည့်အ၀စုံစမ်းသွားမယ်လို့ ရှေ့နေချိုပ် ဂျော့မက်ဆီယက်စ်က ဆိုထားပါတယ်။
တိုက်ခိုက်မှုနောက်ကွယ်မှာ ပါဝင်သူတွေကိုလည်း ဖော်ထုတ်သွားမယ်လို့ သူက ကတိပေးခဲ့ပါတယ်။
Telegram»…
https://t.me/positiveanglenews