(ပြည်တွင်း) နိုဝင်ဘာ ၁၃
၂၀၂၄ ခုနှစ်ဆောင်းသီးနှံအတွက် ချေးငွေများကို စတင်ထုတ်ချေးပေးလျက်ရှိတယ်လို့ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ရုံးချုပ်ကနေ သိရပါတယ်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကုန်အထိ ငွေကျပ် (၁၄၀ ဒသမ ၀၅) ဘီလီယံ ထုတ်ချေးပေးသွားမှာဖြစ်ပြီး မိုးစပါးသီနှံအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၄ ခုရှိ ဘဏ်ခွဲ ၄၀ မှငွေကျပ် ၃,၁၂၁ သန်း ထုတ်ချေးပေးခဲ့တာ ဖြစ်ပါတယ်။
ဆောင်းသီးနှံမှာ နွေစပါး၊ ဆီထွက်သီးနှံ၊ ချည်မျှင်၊ ပဲမျိုးစုံ၊အစေ့ထုတ်ပြောင်း နှင့် ကြက်သွန်တို့ပါဝင်ပြီး စပါးတစ်ဧကကို ကျပ် ၁ သိန်းခွဲ၊ အခြားသီးနှံတစ်ဧကကို ကျပ် ၁ သိန်းနဲ့ ထုတ်ချေးပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဆောင်းသီးနှံချေးငွေကာလမှာ ၂၀၂၅ ခုနှစ် မေလမှ အောက်တိုဘာလအထိ သတ်မှတ်ထားပါတယ်။
Telegram»…
https://t.me/positiveanglenews