(မှုခင်း) နိုဝင်ဘာ ၁၃
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့အတွင်း၌ နိုင်ငံခြားသားဦးဆောင်သော လူပြန်ပေးဆွဲနေသည့်ဂိုဏ်းတစ်ဂိုဏ်းကို ဖမ်းဆီးရမိကြောင်း သိရသည်။
အဆိုပါ ပြန်ပေးဆွဲဂိုဏ်းမှာ တာချီလိတ်မြို့ ဟောင်လိတ်ရပ်ကွက်အတွင်း၌ နေထိုင်နေခြင်းကြောင့် တာချီလိတ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ဂိုဏ်းခေါင်းဆောင်ကို ဖမ်းဆီးရမိခဲ့ခြင်းမရှိသော်လည်း ပြန်ပေးဆွဲမှုတွင်ပါဝင်သည့် အမျိုးသမီးနှစ်ဦးအားဖမ်းဆီးရမိထားကြောင်းသိရသည်။
ပြန်ပေးဆွဲဂိုဏ်း၏ ခေါင်းဆောင်ဆိုသူသည် မိုင်းဖုန်းဘက်သို့ထွက်ပြေးသွားခဲ့သည့်အတွက် ဖမ်းဆီးရမိခြင်းမရှိပဲ လွတ်မြောက် သွားကြောင်း ထိုင်းဘက်သို့ ငွေလွှဲပေးသည့် အမျိုးသမီးနှင့် ခေါင်ဆောင်၏မိန်းမကိုတော့ ဖမ်းထားမိထားကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ပြန်းပေးဆွဲတဲ့အဖွဲ့သည် နိုင်ငံခြားသားဖြစ်သည့်အတွက် ရဲတပ်ဖွဲ့ကို လစဉ်ကြေးပေးကာ မြို့တွင်းတရားမဝင်နေထိုင်နေသည့်သူများဖြစ်ပြီး ဒေသခံအမျိုးသမီးနှင့် အိမ်ထောင်ကျထားသူတစ်ဦးေကြာင်း သိရ
တာချီလိတ်မြို့အတွင်း လူပြန်ပေးဆွဲမှုများ လစဉ်နီးပါးဖြစ်ပေါ်နေတာဖြစ်ပြီး အောက်တိုဘာလလယ်ပိုင်းက မယ်ခေါင်ရပ်ကွက်အတွင်းမှာ သေနတ်နှင့်သတ်သွားသည့် လူသတ်မှုတစ်ခုနှင့် နိုဝင်ဘာလ အစပိုင်းတွင် ဆန်ဆိုင်း(က)ရပ်ကွက် ၅ လမ်းထဲတွင်သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်သွားခဲ့သည်ဟုလည်း ဒေသခံများထံမှသိရသည်။
#PAN