KNU ဗဟိုအကြံပေး စောထို လက်နက်ကြီးမှန်ပြီးသေဆုံး

(ပြည်တွင်း) အောက်တိုဘာ ၁၃

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် တောင်ပိုင်းရှိ ကရင့်လက်နက်ကိုင်သောင်းကျန်းသူ KNU နှင့် အကြမ်းဖက် PDF များစုဝေးနေသည့်နေရာအား လက်နက်ကြီးကျည်​ကျရောက်ပေါက်ကွဲသဖြင့် KNU ဗဟိုအကြံပေး စောထိုဆိုသူသေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသည့် KNU ဗဟိုအကြံ​ပေးအဆင့်ရှိ စောထိုမှာ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူး၏ ဆရာဖြစ်ကြောင်းလည်း သိရသည်။

“ဒီနေ့ မနက်ပိုင်းကကလည်း ပစ်သံများကြားနေရတယ်”ကော့ကရိတ်ဒေသခံတစ်ဦးကပြောသည်။

အောက်တိုဘာလ ၁၂ နေ့ ည ၉ နာရီ ၃၅ အချိန်ခန့်က ကော့ကရိတ် နယ်မြေခံတပ်မှ အကြမ်းဖက်သောင်းကျန်းသူများ အခြေပြုရာ ကော့ကရိတ်တောင်ပိုင်း အပေါ်ဘက်သို့ လက်နက်ကြီးများပစ်ချခဲ့ရာမှ ၎င်းအပါအဝင် တပ်ဖွဲ့ဝင်များသေဆုံးခဲ့ပြီး တပ်ဖွဲ့ဝင်များအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#PAN