(ပြည်တွင်း) နိုဝင်ဘာ ၈
ချင်းပြည်နယ်အတွင်း ၂၀၂၄ −၂၀၂၅ ခုနှစ်မှာ ဆီထွက်သီးနှံ ၁၁,၇၀၃ ဧက စိုက်ပျိုးသွားမည်ဖြစ်ပြီး ဆီဖူလုံမှုမှ ၄၅ ဒသမ ၃၇ ရာခိုင်နှုန်း ရရှိအောင်ဆောင်ရွက်လျက်ရှိတယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ကနေ သိရပါတယ်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်ဝုန်ဆွန်းထန်နှင့် တာဝန်ရှိသူများက တောင်သူများထံ ဆီထွက်သီးနှံ၊ ဆောင်းနေကြာ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် မျိုးစေ့များကို နိုဝင်ဘာလ ၆ ရက် နံနက်ပိုင်းက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမမှာ ပေးအပ်ခဲ့ပါတယ်။
နိုင်ငံတော်အနေနဲ့ စားရေရိက္ခာဖူလုံရေးနှင့် ဆီဖူလုံမှုရှိစေရေး တွန်းအားပေးဆောင်ရွက်လျက်ရှိတဲ့အတွက် ချင်းပြည်နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍမှာ အဓိကသီးနှံ ၁၀ မျိုး ပန်းတိုင်အထွက်နှုန်းရရှိရန်နှင့် နေကြာသီးနှံကို ပန်းတိုင်အထွက်နှုန်း တင်း ၅၀ ရရှိအောင် စိုက်ပျိုးရန် ပြောကြားခဲ့ပါတယ်။
အခုလိုပန်းတိုင်အထွက်နှုန်းပြည့်မီစေရန် မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ခြင်း၊ ပြောင်းလဲ အသုံးပြုခြင်း တို့ကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း၊ ကုမ္ပဏီများနှင့် ပူးပေါင်းအကောင် အထည် ဖော်ဆောင်ရွက်နေသကဲ့သို ချင်းပြည်နယ်အစိုးရအဖွဲ့အနေနဲ့ တောင်သူများလိုအပ်သည့် မျိုးကောင်းမျိုးသန့်ရရှိရေးနှင့် အခြားလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိတာကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
ချင်းပြည်နယ်မှာ ၂၀၂၂−၂၀၂၃ ခုနှစ်မှာ ဆီထွက်သီးနှံစိုက်ဧက ၁၁,၁၁၇ ဧကမှာ အထွက်နှုန်း ၂၀၉,၂၆၆ တင်း ဆီဖူလုံမှု ၃၁ ဒသမ ၀၈ ရာခိုင်နှုန်းနှင့် ၂၀၂၃−၂၀၂၄ ခုနှစ်မှာ ဆီထွက် သီးနှံစိုက်ဧက ၁၁,၁၄၄ ဧကမှာ အထွက်နှုန်း စုစုပေါင်း ၂၁၈,၁၁၉ တင်းထွက်ရှိကာ ဆီဖူလုံမှုအနေနဲ့ ၃၂ ဒသမ ၉၂ ရာခိုင်နှုန်းရှိခဲ့တာ ဖြစ်ပါတယ်။
Telegram»…
https://t.me/positiveanglenews