(ပြည်တွင်း) နိုဝင်ဘာ ၇
ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကျိုက်ရွဲကျေးရွာ၊ ဟွန်ဒါမြန်မာသစ်ခွဲသားစက်ရုံကို မွန်ပြည်သစ် (ခွဲထွက်)အဖွဲ့မှ ဝင်ရောက်လာခဲ့ပြီး စက်ရုံမှ တာဝန်ရှိသူများကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
အဆိုပါသစ်ခွဲသားစက်ရုံတွင် ဝန်ထမ်းအင်အား စုစုပေါင်း ၂၁၁ ဦးရှိပြီး မွန်ပြည်သစ် (ခွဲထွက်)အဖွဲ့ခေါင်းဆောင်စိစစ်ဆဲအဖွဲ့ အင်အား ၂၀ ဦးခန့်မှ စက်ရုံနောက်ကျော လမ်းမှ ဝင်ရောက်လာပြီး သေနတ် ၄ ချက်အား မိုးပေါ်သို့ထောင်ဖောက်ကာ မွန်ဘာသာဖြင့် “သူဌေးနဲ့ပဲစကားပြောမယ်၊ အေးအေးဆေးဆေးနေ” ဟုပြောဆိုပြီး စက်ရုံအတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။
မွန် ခွဲထွက်အဖွဲ့များသည် အဆိုပါစက်ရုံရှိ ဝန်ထမ်းများ၏ဖုန်းအလုံး ၂၀ ခန့်ကို ယူဆောင်ကာ စက်ရုံရှိ စက်ရုံမှူး ဦးဘိုဘို၊ မန်နေဂျာ ဦးတင်ထွန်းအောင် နှင့် တရုတ်နိုင်ငံသားပညာရှင် ၁ ဦး၊ စုစုပေါင်း ၃ ဦးတို့အား ဖမ်းဆီးခေါ်ဆောင်ကာ တော်ကူးကျေးရွာ လမ်းဝမှ လက်ခက်တောင်ဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
အဆိုပါဖြစ်စဉ်အား နယ်မြေခံလုံခြုံရေးအဖွဲ့မှစီစစ်ပြီး ဖမ်းဆီးခံရသူများ ပြန်လည်ကယ်တင်နိုင်ရေး ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သိရပါသည်။
Telegram»…
https://t.me/positiveanglenews