​ညောင်ဦးမြို့နယ်တွင် အကြမ်းဖက် PDF များက အပြစ်မဲ့ရွာသား ၂ ဦးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်


(ပြည်တွင်း) နိုဝင်ဘာ ၇

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ရွာသာကျေး ရွာအုပ်စု၊မြို့လှကျေးရွာ၌ ယနေ့နံနက် ၈ နာရီ ၄၅ မိနစ်အချိန်ခန့်က အကြမ်း ဖက် PDF များက အပြစ်မဲ့ရွာသား ၂ ဦးအား သေနတ်ဖြင့် ပစ်ခတ်သတ် ဖြတ်သွားကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် PDF အဖွဲ့၏ ပစ်သတ်မှုကြောင့် စိုးမင်းဦး ၊၂၆ နှစ်တွင် ယာဘက် လက်မောင်းရင်းမှနောက်ကျော ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲ/ယာ လက်ကောက်ဝတ် ဖောက်ဝင်ဒဏ်ရာ ၁ ချက်စီဖြင့်လည်းကောင်း၊ ကျော်ကျော်ဟန်၊ ၃၇ နှစ်တွင် ဝဲ-နားထင် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာ-ပေါင်ရင်း​ ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာဘက် ခြေသလုံး ဖောက်ဝင်ဒဏ်ရာ ၁ ချက်ဖြင့်လည်းကောင်း သေဆုံးနေကြောင်း၊ နေအောင်(ခ)မင်းမင်းသန့် ၊ ၃၉ နှစ်တွင် နှုတ်ခမ်းဖူးယောင်ဒဏ်ရာ၊ ယာ-လက်ခလယ် ကျိုး/ဖူးယောင်ဒဏ်ရာ၊ ဝဲ-လက်ညိုးထိပ် ပြတ်တောက်ဒဏ်ရာများ ရရှိထားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယမန်နေ့ ၉ နာရီ အချိန်ခန့်တွင် သေဆုံးသူ ကျော်ကျော်ဟန်၏ နေအိမ်၌ ကျော်ကျော်ဟန်၊ စိုးမင်းဦး၊ နေအောင်(ခ)မင်းမင်းသန့်တို့ အတူရှိနေစဥ် မြို့လှကျေးရွာ အနောက်ဖက် ၄ ဖာလုံခန့်အကွာ၊ ဧရာဝတီမြစ်ဆိပ်ကမ်းဘက်မှအကြမ်းဖက်သမား ၇ ဦး ရောက်ရှိလာကာ သေနတ်နှင့်ပစ်ခတ်ပြီး အကြမ်းဖက်သမားများမှာ စက်လှေဖြင့် ဧရာဝတီမြစ်တစ်ဖက်ကမ်းသို့ ထွက်ပြေးသွားကြောင်း သိရသည်။

သေဆုံး/ဒဏ်ရာရရှိသူများမှာ သာမန်ပြည်သူများဖြစ်ပြီး ဒလန်ဟု စွပ်စွဲ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN