၀မ်းချုပ်စေတဲ့ အစား အစာများ

(ကျန်းမာရေးကဏ္ဍ)နိုဝင်ဘာ ၇

      PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟုသု တရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ ၀မ်းချုပ်စေတဲ့ အစားအစာများ အကြောင်းကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

       ဆီကြော်မုန့်တွေနဲ့ အသင့်စားအစားအစာတွေက အမျှင်ဓာတ်ပါဝင်မှုလုံးဝမရှိဘဲ အဆီပါဝင်မှုသာ များတာကြောင့် အစာခြေဖို့ရာအခက်အခဲဖြစ်စေပါတယ်။ အဲဒီ့အတွက် သရေစာအဖြစ် စားချင်တယ် ဆိုရင် အသီးအနှံတွေကို အစားထိုးစားပေးသင့်ပါတယ်။

      ဂျုံ၊ နှံစားပြောင်း ကနေထုတ်ထားတဲ့ ပေါင်မုန့် ဖြူ၊ ဆန်လုံးဖြူ၊ ပါစတာစတာတွေက အမျှင်ဓာတ်နည်းတာကြောင့် ဝမ်းချုပ်စေပါတယ်။ နို့ထွက်ပစ္စည်းတွေဟာ အခြားသောအစားအစာတွေထက် ပိုပြီးဝမ်း ချုပ်စေပါတယ်။ လသား၊ တစ်နှစ်-နှစ်နှစ်ကလေးတွေမှာပိုဆိုးပါတယ်။ နွားနို့မှာတွေ့ရတဲ့ ပရိုတင်းဓာတ်ကြောင့်ပါ။ လေ့လာချက်ေတွအရ အသက် ၁နှစ် ကနေ ၁၂နှစ်အတွင်း ကလေးတွေမှာ နွားနို့သောက်ခြင်းကြောင့် ဝမ်းချုပ်ခြင်းပိုဆိုးလာတယ်လို့တွေ့ရပါတယ်။ နွားနို့အစား ပဲနို့်ကို ပြောင်းသောက်ခိုင်းလိုက်တဲ့အခါမှာတော့ ဝမ်းချုပ်ခြင်းသက်သာစေတာကိုတွေ့ရပါတယ်။

      အသင့်စားအစားအစာတွေက ဝမ်းချုပ်ခြင်းကိုပိုဆိုးစေပါတယ်။ အဆီများပြီး အမျှင်ဓာတ်ပါဝင်မှုနည်းတဲ့အတွက် အစာခြေခြင်းကို နှေးကွေးစေပါတယ်။ အသင့်စားအစားအစာဖြစ်တဲ့ ကွတ်ကီး၊ ချောကလက်၊ ရေခဲမှုန့်တွေအစား အမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးအနှံတွေ၊ ဟင်းသီး ဟင်းရွက်တွေ အစားထိုးသင့်ပါတယ်။

      အနီရောင်အသားတွေမှာ ဝမ်းချုပ်ခြင်းကိုဖြစ်စေတဲ့အကြောင်းရင်း ၃ခုရှိပါတယ်။ အမျှင်ဓာတ် ပါဝင်မှုနည်းခြင်းက အစာတွေရွေ့လျားဖို့အဆင်မချောစေပါဘူး။ ပုံမှန်လူတစ်ယောက်ရဲ့နေ့စဉ်ရနိုင်တဲ့အမျှင်ဓာတ်ပမာဏကိုပါ လျှော့ချ ပစ်နိုင်ခြင်းကြောင့်လည်း ပိုဆိုးသွားပါတယ်။ အဲဒါကြောင့် ထမင်းစားချိန်မှာ အသားများများစားခြင်းက အသီးအရွက်တွေက အမျှင်ဓာတ်တွေကိုပါ လျှော့ချပစ်နိုင်ပါတယ်။ အဲဒါအပြင် အနီရောင်အသားတွေမှာ အဆီပါဝင်မှုလည်း ပိုများပါတယ်။ အဲဒီ အကြောင်းတွေကြောင့် ဝမ်းချုပ်ခြင်းကို ပိုဖြစ်စေပါတယ်။

       ဒါ့အပြင် အရက်ကလည်း ဝမ်းချုပ်စေပါတယ်။ အရက်အများကြီးသောက်ခြင်ဟာ ခန္ဓာကိုယ်က မကြာခဏသွားပြီး ရေဓာတ်ဆုံးရှုံးမှုဖြစ်စေပါတယ်။ ရေဓာတ်ဆုံးရှုံးခြင်းက ရေလုံလောက်စွာမသောက်တဲ့လူလိုပါပဲ၊ အူမကြီးလုပ် ဆောင်ဖို့ရာ မလွယ်ကူစေတာကြောင့် ဝမ်းချုပ်စေပါတယ်။ ကဖင်းဓာတ်ပါဝင်တဲ့ သောက်စရာတွေကလည်း အရက်လိုပါပဲ ၊ ရေဓာတ်ကိုခမ်းခြောက်စေနိုင်တဲ့အတွက် ရေဓာတ်ချို့တဲ့သော အခါ အူမကြီးလုပ်ဆောင်ချက်နှေးကွေးစေပြီး ဝမ်း ချုပ်စေပါတယ်။ 

Crd; Novel Star

#PAN