
(နိုင်ငံတကာ) ဇွန် ၃
အမေရိကန်နှင့် အီရန်တို့အကြား သံတမန်ရေးရာ ဆွေး နွေးမှုများ မရေရာဖြစ်နေစဉ်အတွင်း ပင်လယ်ကွေ့ဒေသ၌ စစ်ရေးအရ အပြန်အလှန်တိုက်ခိုက်မှုများ မြင့်တက်လာခဲ့ပြီး ဗုဒ္ဓဟူးနေ့နံနက်ပိုင်းတွင် ကူဝိတ်နိုင်ငံတကာလေဆိပ်အား အီရန်က ဒရုန်းနှင့် ဒုံးကျည်များဖြင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ကူဝိတ်နိုင်ငံပိုင် KUNA သတင်းအေဂျင်စီနှင့် နိုင်ငံခြား ရေးဝန်ကြီးဌာနတို့၏ ထုတ်ပြန်ချက်အရ ယခုအီရန်၏ တိုက်ခိုက်မှုကြောင့် ကူဝိတ်လေဆိပ် အဆောက်အအုံအချို့ ပြင်းထန်စွာ ပျက်စီးခဲ့ရသဖြင့် လေကြောင်းလိုင်းလုပ်ငန်း စဉ်အားလုံးကို ယာယီရပ်ဆိုင်း (Freeze) ထားရကြောင်း သိရသည်။
ထို့ပြင် ယခုတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည့်အပြင် အမည်မဖော်ပြထားသော သံတမန်မစ်ရှင်အဖွဲ့ရုံးအချို့လည်း ထိခိုက်ပျက်စီးခဲ့ရသဖြင့် ကူဝိတ်အစိုးရက အရပ်ဘက်အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားသည့် အဆိုပါလုပ်ရပ်အပေါ် ပြင်းထန်စွာ ရှုတ်ချလိုက်သည်။
ယခုတိုက်ခိုက်မှုသည် အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM)က မဟာဗျူဟာမြောက် ဟော်မုဇ်ရေလက် ကြားရှိ အီရန်နိုင်ငံ ကက်ရှမ်ကျွန်း (Qeshm Island) ပေါ်က “အီရန်စစ်ဘက် မြေပြင်ထိန်းချုပ်ရေးစခန်း” ကို “မိမိကိုယ်ကိုယ်ကာကွယ်သည့်” စစ်ဆင်ရေးအဖြစ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကို အီရန်ဘက်က ပြန်လည်တုံ့ပြန်ခြင်း ဖြစ်သည်။
အီရန်တော်လှန်ရေးအစောင့်တပ် (IRGC)က ၎င်းတို့အနေ ဖြင့် ဘာရိန်းရှိ အမေရိကန် ပဉ္စမမြောက်ရေယာဥ်စုတပ်ဌာနချုပ်နှင့် လေတပ်စခန်းများကိုပါ ထိမှန်အောင် တိုက်ခိုက်ခဲ့သည်ဟု ဆိုသော်လည်း CENTCOM က ယင်းသတင်းကို ငြင်းဆိုပယ်ချခဲ့သည်။ အခြားတစ်ဖက်တွင်မူ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကူဝိတ်နှင့် ဘာရိန်းတို့သည် မိမိတို့ပိုင်နက်ကို အမေရိကန်စစ်တပ်အား အသုံးပြုခွင့်ပေးခဲ့သဖြင့် ယခုတိုက်ခိုက်မှုများအတွက် “တိုက်ရိုက်တာဝန်ရှိ သည်” ဟု ပြန်လည်စွပ်စွဲထား သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် ဆွေးနွေးပွဲများ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း Truth Social တွင် ရေးသားထားသော်လည်း တဟီရန်ဘက်ကမူ ရက်အတော်ကြာ ဆက်သွယ်မှုပြတ်တောက်နေကြောင်း ဆိုသည်။ လက် ရှိတွင် ဧပြီလကတည်းက ချမှတ်ထားသည့် မရေရာသော အပစ်ရပ်စဲရေးမှာ အမေရိကန်၏ ဆိပ်ကမ်းပိတ်ဆို့မှုများနှင့် အစ္စရေး၏ လေဘာနွန်တောင်ပိုင်းသို့ အပြင်းအထန် ကျူးကျော်ဝင်ရောက် လာမှုများကြောင့် လုံးဝပျက်ပြားလုနီးပါး ခြိမ်းခြောက်ခံနေရသည်။
ယခုကဲ့သို့ စစ်ရေးတင်းမာမှုများကြောင့် အာရပ်စော် ဘွားများပြည်ထောင်စု (UAE) သမ္မတအကြံပေး အန်နဝါ ဂါဂတ်ရှ်က “ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) အဖွဲ့ဝင်နိုင်ငံတွေရဲ့ လုံခြုံရေးနဲ့ ကံကြမ္မာဟာ တစ်ခုတည်းဖြစ်တာကြောင့် ဘယ်နိုင်ငံကိုမှ ဒီတိုက်ခိုက်မှုတွေကြား တစ်ယောက် တည်း ရင်ဆိုင်ဖို့ ပစ်မထားသင့်ဘူး” ဟုဆိုကာ ပင်လယ်ကွေ့နိုင်ငံများ ညီညွတ်စွာ ရပ်တည်ကြရန် တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN