အမေရိကန်-အီရန် စစ်ပွဲ ၉၆ ရက်မြောက်နေ့သို့ ရောက်ရှိလာပြီး ဝါရှင်တန်နှင့် တီဟီရန်တို့ အပြန်အလှန် ဆက်လက်တိုက်ခိုက်

(နိုင်ငံတကာ) ဇွန် ၃

     အမေရိကန်-အစ္စရေးနှင့် အီရန်နိုင်ငံတို့အကြား ဖြစ်ပွားနေသည့် စစ်ပွဲသည် ၉၆ ရက်မြောက်နေ့သို့ ရောက်ရှိလာချိန်တွင် ပဋိပက္ခများသည် ပင်လယ်ကွေ့ဒေသတစ်ခုလုံးသို့ ပိုမိုကျယ်ပြန့်လာပြီး နှစ်ဖက်စလုံးက စစ်ရေးအရ အပြန် အလှန် ပစ်ခတ်တိုက်ခိုက်မှုအသစ်များကို ပြုလုပ်ခဲ့ကြသည်။

     အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM)က ဗုဒ္ဓဟူး နေ့တွင် အီရန်နိုင်ငံ ကက်ရှမ်ကျွန်း (Qeshm Island) ပေါ်ရှိ အီရန်မြေပြင်ထိန်းချုပ်ရေးစခန်းတစ်ခုကို “မိမိကိုယ်ကိုကာကွယ်သည့်” စစ်ဆင်ရေးအဖြစ် လေကြောင်းမှ တိုက် ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး၊ ဒေသတွင်းရှိ အမေရိကန်တပ်ဖွဲ့များကို ပစ်မှတ်ထားရန် ကြိုးပမ်းခဲ့သည့် အီရန်ဒရုန်းလှိုင်းများကိုလည်း အောင် မြင်စွာ ကြားဖြတ်ဖျက်ဆီးနိုင်ခဲ့ကြောင်း ဆိုသည်။

     တစ်ချိန်တည်းမှာပင် အီရန်တော်လှန်ရေးအစောင့်တပ် (IRGC)ကမူ ဘာရိန်းနိုင်ငံရှိ အမေရိကန် ပဉ္စမမြောက် ရေတပ်ဌာနချုပ်နှင့် ဒေသတွင်း အမေရိကန်လေတပ်စခန်းများကို ဒုံးကျည်၊ ဒရုန်းများဖြင့် ထိမှန်အောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း အခိုင်အမာဆိုသော်လည်း CENTCOM ဘက်က ယင်းသတင်းမှာ မဟုတ်မှန်ကြောင်းနှင့် အီရန်၏ တိုက် ခိုက်မှုအားလုံး မအောင်မြင်ခဲ့ကြောင်း ပယ်ချခဲ့သည်။

     ထို့အပြင် အိမ်နီးနားချင်း ကူဝိတ်နိုင်ငံက ၎င်း၏ လေ ကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် ဒရုန်းများနှင့် ဒုံးကျည်များကို ကြားဖြတ်ဟန့်တားခဲ့ရသလို၊ ဘာရိန်းနိုင်ငံတွင်လည်း သတိပေးဥသြသံများ မြည်ဟီးခဲ့ရသည်။

     စစ်ပွဲနှင့်ပတ်သက်၍ အမေရိကန်ပြည်တွင်း၌ ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ်များက ထရမ့်အစိုးရ၏ နိုင်ငံခြားရေးမူဝါဒကို “အမှိုက်ပုံမီးလောင်ပြင်” ဟု ခေါ်ဆိုကာ ပြင်းပြင်းထန် ထန် ဝေဖန်ခဲ့ကြပြီး ဟော်မုဇ်ရေလက် ကြား ပိတ်ခွင့်ပေးလိုက်ရခြင်းက တီဟီရန်အစိုးရကို အားသာချက်အသစ်များ ပေးအပ်လိုက်သကဲ့သို့ ဖြစ်သွားစေကြောင်း ထောက်ပြခဲ့ကြသည်။

     နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုကမူ အီရန်အဓိပတိ မိုဂျတာဘာ ခါမေနီသည် အသက်ထင်ရှားရှိနေပြီး ဝါရှင်တန်နှင့် ဆွေးနွေးပွဲများတွင် ပိုမိုတက်ကြွစွာ ပါဝင်လာနေကြောင်း လွှတ်တော်သို့ ပြောကြားခဲ့သည်။ သို့သော်လည်း အီရန်ထိပ်တန်းညှိနှိုင်းရေးမှူး မိုဟာမက် ဘာဂါ ဂါလီဘတ်ဖ်က အကယ်၍ အစ္စရေး၏ လေဘာနွန်အပေါ် တိုက်ခိုက်မှုများ ဆက်လုပ်နေပါက ဆွေးနွေးပွဲများကို စွန့်လွှတ်ပြီး ထိပ် တိုက်တွေ့ဆုံမှုဆီသို့ ဦးတည်သွားနိုင်ကြောင်း သတိပေးထားသည်။

     အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက လေဘာနွန်နယ်စပ်တစ်လျှောက်ရှိ “ဒရုန်းပြဿနာ” ကို ဖြေရှင်းရန်နှင့် အစ္စရေးမြောက်ပိုင်း ခံစစ်အတွက် ဒေါ်လာ ၂၀ ဘီလီယံ ရင်းနှီးမြှုပ်နှံနေကြောင်း ပြောကြားခဲ့သည်။ သို့သော် လည်း အစ္စရေးနိုင်ငံရေးလောကအတွင်း နေတန်ယာဟုသည် ၎င်း၏ နိုင်ငံရေးရှင်သန်မှုအတွက် အမေရိကန်-အီရန် ဆွေးနွေးပွဲများကို ဟန့် တားရန် ဘေရွတ်ရှိ စစ်ဆင်ရေးများကို တိုးချဲ့ခဲ့ခြင်းဖြစ်သည်ဟု ဝေဖန်မှုများ မြင့်တက်နေသည်။

     အခြားတစ်ဖက်တွင်လည်း လေဘာနွန်တောင်ပိုင်း မြို့များအပေါ် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးအပါ အဝင် အနည်းဆုံး လူ ၅ ဦး သေဆုံးကာ ၄၅ ဦး ဒဏ်ရာရရှိခဲ့ပြီး၊ ဟစ်ဇ်ဘိုလာအဖွဲ့ကမူ အစ္စရေးစစ်တပ်အပေါ် တပ်ဖွဲ့ဝင်များ စုဝေးရာနေရာများနှင့် ကွပ်ကဲမှုစခန်းများကို ပစ်မှတ်ထား၍ တိုက်ခိုက်မှုပေါင်း ၁၃ ကြိမ် ပြုလုပ်ကာ ပြန်လည်တုံ့ပြန်ခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

#PAN