တရုတ်နဲ့ ရုရှားကို အမေရိကန်က ကုလလုံခြုံရေးကောင်စီမှာ အပြစ်တင်ပြောဆို


(နိုင်ငံတကာ) နိုဝင်ဘာ ၅

မြောက်ကိုရီးယားအပေါ် အရှက်မဲ့စွာ ကာကွယ်ပေးနေတယ်လို့ ပြောဆိုသုံးနှုန်းကာ တရုတ်နဲ့ ရုရှားကို အမေရိကန်က ကုလလုံခြုံရေးကောင်စီမှာ အပြစ်တင်ပြောဆိုခဲ့ကြောင်း သိရပါတယ်။

မြောက်ကိုရီးယားရဲ့ နူကလီးယားစွမ်းအားကို အရှိန်မြင့်လာအောင် တိုက်တွန်းနေတာအတွက်လည်း ရှုတ်ချတယ်လို့ ဆိုထားပါတယ်။

ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီး ရောဘတ်၀ုဒ်က “ရုရှားနဲ့ တရုတ်တို့က ပြုံယမ်းကို အရှက်မဲ့စွာ ကာကွယ်ပေးနေတာပါ”လို့ ပြောဆိုထားခဲ့ပါတယ်။

ပိတ်ဆိုအရေးယူခံရတာတွေကို ချိုးဖောက်တဲ့ လုပ်ရပ်တွေကိုလည်း ကာကွယ်ပေးနေတာ အံ့အားသင့်စရာကောင်းပြီး ပြုံယမ်းရဲ့ တရားမဝင် ပဲ့ထိန်းဒုံးကျည်၊ နူကလီးယားစမ်းသပ်မှုတွေ ဆက်လက်လုပ်နိုင်ဖို့ တွန်းအားပေးနေတာလို့လည်း ပြောကြားခဲ့ပါ‌သးတယ်။

Telegram»…
https://t.me/positiveanglenews

PAN