(ပြည်တွင်း)နိုဝင်ဘာ ၄
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့၊ အမှတ်(၄)ရပ်ကွက်၊ မြခွာညိုလမ်းတွင် ယနေ ညနေ ၅ နာရီ ၃၀ မိနစ်အချိန်ခန့်က ရပ်ကွက်အုပ်ချုပ်ရေးမှူး(ပြည်ခိုင်ဖြိုးပါတီဝင်)ဖြစ်သူအား ၎င်း၏နေအိမ်၌ ရှိနေစဉ် PDFအကြမ်းဖက်သမားများမှ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်ဝင်ဌေး သည် အခင်းဖြစ်နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ရပြီး၊ သေဆုံးသူ၏ ရုပ်အလောင်းအား ကော့သောင်းမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ငါနှင့်မတူ၊ ငါ့ရန်သူ”ဟူသည့် တစ်ဖက်သတ် အစွန်းရောက်ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများ အား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Telegram»…
https://t.me/positiveanglenews