(အားကစား) နိုဝင်ဘာ ၄
၂၀၂၂ ပြိုင်ပွဲမှာ ရရှိခဲ့တဲ့အဆင့်ထက် မနိမ့်သည့်ရလဒ်မျိုးရရှိရန်ကြိုးစားသွားမည်ဟု မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း နည်းပြချုပ် Mr. Bunlert Cheorawong မှ နိုဝင်ဘာလ ၃ ရက်မွန်းလွဲပိုင်းကကျင်းပသည့် AFF Futsal Championship 2024 ပြိုင်ပွဲ အုပ်စု(ခ)အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ယခုပြိုင်ပွဲက ပြိုင်ဆိုင်မှုပြင်းထန်သည့် ပြိုင်ပွဲတစ်ခုဖြစ်ကာ နိုင်ငံပေါင်းစုံမှ ကစားသမားအသစ်များအနေဖြင့် ပိုမိုကောင်းမွန်သော ကစားသမားများဖြစ်လာရန် အခွင့်အရေးပေးတဲ့ ပြိုင်ပွဲတစ်ခုဖြစ်တယ်လို့ သိရပါတယ်။
မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းက AFF Futsal Championship 2024 ပြိုင်ပွဲရဲ့ အုပ်စု(ခ)မှာ အင်ဒိုနီးရှား၊ ဩစတြေးလျ၊ ကမ္ဘောဒီးယား အသင်းများနှင့် တစ်အုပ်စုတည်းကျရောက်လျက်ရှိပြီး ပြိုင်ပွဲကျင်းပမယ့် ထိုင်းနိုင်ငံရှိ Terminal 21 Korat မှာ Official Trainingအဖြစ် လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိပါတယ်။
Telegram»…
https://t.me/positiveanglenews