ရေကြီးနစ်မြုပ်သည့် ဗလင်စီယာသို့ရောက်ရှိလာသော စပိန်ဘုရင် တိုက်ခိုက်ခံရ


(နိုင်ငံတကာ) နိုဝင်ဘာ ၄

စပိန်ဘုရင်နှင့်တာဝန်ရှိသူများသည် ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့သည့် ဗလင်စီယာပြည်နယ်သို့ ရောက်ရှိလာချိန်တွင် ဒေသခံပြည်သူများက အမှိုက်များ ရွှံ့များဖြင့် ဒေါသတကြီး ပစ်ပေါက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဒေသခံများက သဘာဝဘေးနှင့်ပတ်သက်၍ တုန့်ပြန်မှု ပေါ့လျော့ခဲ့သည့်အတွက် ယခုခဲ့သို့ ဒေါသတကြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စပိန်ဘုရင် Felipe အား တိုက်ခိုက်မှုများအား ကာကွယ်ရန် သက်တော်စောင့်များက ထီးများနှင့် အကာအကွယ်ပေးခဲ့သော်လည်း သိသာသော တိုက်ခိုက်မှုကိုခံခဲ့ ရသည်။

ဗလင်စီယာဒေသရေကြီးနစ်မြုပ်မှုတွင် လူပေါင်း ၂၀၀ ကျော်သေဆုံးခဲ့ပြီး အိုးအိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့သည်။

Telegram»…
https://t.me/positiveanglenews

PAN