(ပြည်တွင်း)နိုဝင်ဘာ ၃
ယမန်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်တွင် ချင်း ပြည်နယ်၊ ထန်တလန်မြို့တွင် သတင်းအရ လုံခြုံရေးအဖွဲ့များက နယ်မြေရှင်းလင်းရာ အကြမ်းဖက် CDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ထိတွေ့တိုက်ပွဲတွင် အကြမ်းဖက် CDF များ ကစဥ်ကလျားနှင့် ဆုတ်ခွာထွက်ပြေးသွားကြရပြီး ၎င်းတို့ထံမှ KA သေနတ် ၁ လက်၊ မောင်းပြန်သေနတ် ၁ လက်၊ KA ကျည် ၂၀ တောင့်၊ KA ကျည်အိမ် ၁ ခု၊ ၅.၅၆ မမကျည် ၁၅ တောင့်၊ အမ်အေကျည်အိမ် ၁ ခုတို့နှင့် အတူ အကြမ်းဖက် CDF ၃ ဦးကို အသေဖမ်းဆီးရမိခဲ့ကြောင်းနှင့် လုံခြုံရေအဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်း သိရပါသည်။
ထန်တလန်မြို့တွင် အေးချမ်းစွာနေလိုသော ပြည်သူများအနေဖြင့် အကြမ်းဖက် CDF များ၏ လုပ် ဆောင်ချက်များကို လိုလားမှုမရှိတော့သဖြင့် ၎င်းတို့ ၏ လှုပ်ရှားမှုသတင်းများကို နီးစပ်ရာ လုံခြုံရေးတပ်ဖွဲ့များသို့ ယခုလို မြေပြင်သတင်းများ ပေးပို့ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရပါ သည်။
#PAN