ယူကရိန်းကို အနိုင်ရတဲ့အထိ ရုရှားကို ကူညီပေးသွားမယ်လို့ Choe Son Hui ကဆို


(နိုင်ငံတကာ) နိုဝင်ဘာ ၂

ယူကရိန်းကို အနိုင်ရတဲ့အထိ ရုရှားကို ကူညီပေးသွားမယ်လို့ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Choe Son Hui က မနေ့က ပြောဆိုလိုက်ကြောင်း သိရပါတယ်။

သူဟာ မော်စကိုကို ရောက်ရှိနေတာဖြစ်ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov နဲ့ တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

ရုရှားမှာ မြောက်ကိုရီးယားတပ်ဖွဲ့တွေလည်း ရောက်ရှိနေပြီး ဝင်ရောက်တိုက်ခိုက်ပေးဖို့ အရမ်းနီးစပ်နေတဲ့အချိန်မှာ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Choe Son Hui က အခုလိုမျိုး ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN