(နိုင်ငံတကာ) နိုဝင်ဘာ ၂
လာမယ့်ရက်ပိုင်းအတွက် မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၈၀၀၀ ခန့်အထိ ယူကရိန်းတိုက်ပွဲမှာ ပါဝင်လာမယ်လို့ ခန့်မှန်းထားကြောင်း ဝါရှင်တန်က ပြောဆိုထားပါတယ်။
၎င်းတို့က ရုရှားကို ကူညီတိုက်ခိုက်ပေးမှာဖြစ်ပြီး ဘိုင်ဒင်အစိုးရဟာ ဒီအရေးကိစ္စကို မျက်ခြေမပြတ် စောင့်ကြည့်နေကာ သတင်းတွေ ဆက်တိုက်ထုတ်ပြန်နေတာလည်း ဖြစ်ပါတယ်။
Kursk ဒေသကို မြောက်ကိုရီးယားတပ်ဖွဲ့တွေ ရောက်ရှိနေပြီလို့လည်း သိရပြီး မကြာခင်တိုက်ပွဲအတွင်း ဝင်ရောက်ဆင်နွှဲတော့မှာဖြစ်ကြောင်းလည်း ဖေါ်ပြထားပါတယ်။
ဆိုးလ်ကတော့ တပ်သားပေါင်း ၁၁၀၀၀ ကနေ ၁၂၀၀၀ အထိ ရှိမယ်လို့ ခန့်မှန်းထားပြီး ၈၀၀၀ အထိကို တပ်ဖြန့်နေရာချပြီးပြီလို့ အမေရိကန်က ပြောဆိုခဲ့တာပါ။
ရုရှားက မြောက်ကိုရီးယားတပ်သားတွေကို အမြောက်၊ ဒရုန်းနဲ့ အခြေခံသဘောတရားတွေကို သင်ကြားပေးခဲ့တယ်လို့ သိရပြီး ကတုတ်ကျင်းရှင်းလင်းတာတွေလည်း ပါဝင်ပြီး၊ရှေ့တန်းစစ်ဆင်ရေးတွေမှာ အဆိုပါတပ်ဖွဲ့တွေကို အပြည့်အ၀အသုံးပြုဖို့ ရည်ရွယ်ထားတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ပြောဆိုခဲ့ပါတယ်။
Telegram»…
https://t.me/positiveanglenews